အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများအား ယာယီမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း

အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း


စက်မှုဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

မိသားစုဝင်များဖြင့် သော်လည်းကောင်း၊ အလုပ်သမားငှားရမ်းအသုံးပြု၍ သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့် သို့မဟုတ် ပြုပြင်မွမ်းမံသည့် မြင်းကောင်ရေ ၀.၂၅ နှင့်အထက်၊ ၅ ကောင်အားနှင့်အောက် အသုံးပြုသည့် အလုပ်သမား ၉ ဦး ထက်မပိုသော အိမ်တွင်းစက်မှုလုပ်ငန်းနှင့် အလုပ်သမား ၃ ဦးနှင့် အထက်ရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများ မှတ်ပုံတင်နိုင်ပါသည်။

ဝန်ဆောင်ခ

လုပ်ငန်းမှတ်ပုံတင်ကြေး - ၁၀၀၀၀ ကျပ်

လျှောက်လွှာတင်ရာတွင် လိုအပ်သည့်စာရွက် စာတမ်းများ

(၁)     လျှောက်လွှာပုံစံ(၁) သုံးစုံ၊

(၂)      လိုင်စင်ဓာတ်ပုံ ငါးပုံ၊

(၃)     နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ သုံးစောင်၊

(၄)     လူသုံးကုန်၊ အလှကုန်နှင့်စားသောက်ကုန်လုပ်ငန်းအတွက် လျှောက်ထားခြင်း ဖြစ်လျှင် ဓာတ်ခွဲစမ်းသပ်မှုရလဒ်များ၊

(၅)     တိုင်းရင်းဆေးဝါးဖြစ်ပါက သက်ဆိုင်ရာတိုင်းရင်းဆေးပညာဦးစီး ဌာနက ထုတ်ပေးသော လိုင်စင်နှင့်မှတ်ပုံတင်လက်မှတ်၊

(၆)     သစ်အခြေပြု အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွင် အသုံးပြုသည့် ပြန်စိတ်စက်ငယ်လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်းများဖြစ်ပါက သစ်စက်နှင့် သစ်ဆိုင်များမှ ဝယ်ယူသော တရားဝင် သစ်ပြေစာများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်သစ်တောဦးစီးဌာန၏ထောက်ခံစာ။

(၇)     အခြားထုတ်ကုန်ပစ္စည်းများအတွက် သက်ဆိုင်ရာ အထောက် အထား စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်။

(၈)     သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာ။

လျှောက်လွှာရယူနိုင်သည့်နေရာများ

လုပ်ငန်းမှတ်ပုံတင်လျှောက်ထားလိုသူသည် လျှောက်လွှာပုံစံ(၁)ကို မိမိလုပ်ငန်းတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများ၌ ဝယ်ယူရမည်။

လျှောက်ထားရန် အဆင့်ဆင့်များ

(၁) မိမိလျှောက်ထားလိုသည့် တိုင်းဒေသကြီး/ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများ တွင်လျှောက်လွှာတင်သွင်း၍ လျှောက်ထားနိုင်ပါသည်။

(၂) လျှောက်လွှာ တင်သွင်းပြီးပါက လုပ်ငန်းတည်နေရာများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အသေးစား စက်မှု လက်မှု လုပ်ငန်းဦးစီးဌာနက ကွင်းဆင်းစစ်ဆေးသွားမည် ဖြစ်ပါသည်။

(၃) စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အသေးစား စက်မှု လက်မှု လုပ်ငန်းမြှင့်တင်ရေးဥပဒေနှင့်အညီ အမှန်တကယ် လုပ်ငန်း ဆောင်ရွက်နေပါကြောင်း စစ်ဆေးတွေ့ရှိပါက အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) နေပြည် တော်သို့ ထောက်ခံတင်ပြ၍ မှတ်ပုံတင်လုပ်ငန်းများ ကြီးကြပ် စိစစ်ဆေးအဖွဲ့ အစည်း အဝေးမှ အတည်ပြုဆုံးဖြတ်ချက်ဖြင့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးသွားမည် ဖြစ်ပါ သည်။

(၄) ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မွန် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများတွင် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကွင်းဆင်း စစ်ဆေး၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက် နေပါကြောင်း စစ်ဆေးတွေ့ရှိ ပါက တိုင်းဒေသကြီး/ ပြည် နယ် မှတ်ပုံတင်လုပ်ငန်းများကြီးကြပ် စိစစ်ဆေးအဖွဲ့ အစည်း အဝေးမှ အတည်ပြုဆုံးဖြတ်ချက်ဖြင့် လုပ်ငန်းမှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ဒုတိယညွှန်ကြားရေးမှူး၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ နေပြည်တော်ကောင်စီ (၂) ထပ်ရုံး၊ ပင်မအဆောင်အဦးထပ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ၀၆၇- ၅၅၀၃၆၃

ကချင်ပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းကျောင်းလမ်း၊ ရန်ကြီးအောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်၊ ၀၇၄-၂၀၉၈၈

လွိုင်ကော်မြို့

ဒုတိယညွှန်ကြားရေးမှူး၊ ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ဝိဇ္ဇာလမ်း၊ ဒေါမရပ်ကွက်၊ လွိုင်ကော်မြို့။၀၈၃-၂၄၀၀၉၇

ကရင်ပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အမှတ်(၁၀)ရပ်ကွက်၊ လှာကမြင်တိုးချဲ့ကွက်သစ်၊ မဲဘောင်နောင်ပလိန်လမ်း၊ ၀၅၈-၈၉၀၄၀၀၇

ချင်းပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဈေး(၁)ရပ်ကွက်၊ ဟားခါးမြို့၊ ချင်းပြည်နယ်၊ ၀၇၀-၂၁၆၃၉

စစ်ကိုင်းတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဗိုလ်ချုပ်လမ်း၊ ဒေါနခြံရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ၀၇၁-၂၆၅၈၀

တနင်္သာရီတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းသမဝါယမဦးစီးမှူးရုံးဝင်း၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ၀၅၉-၂၂၆၀၉

ပဲခူးတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တောင်ငူလမ်း၊ မြို့သစ်(ခ)၊ ဘောလုံးကွင်းရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး ၀၅၂-၂၂၀၁၂၉၃

မကွေးတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အမှတ်(၁၈၆)၊ ဗိုလ်ချုပ်လမ်း၊ မစိုးရိမ်ရပ်ကွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး ၀၉၄၂၅၆၆၁၅၁၄

မန္တလေးမြို့

ဒုတိယညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၊ (၈၂ x ၂၅) လမ်းဒေါင့်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။ ၀၂-၃၉၆၀၉

မော်လမြိုင်မြို့

ဒုတိယညွှန်ကြားရေးမှူး၊ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ အမှတ်(၃၇)၊ ရတနာလမ်း၊ မရမ်းကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။ ၀၅၇-၂၄၆၉၈

ရခိုင်ပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကန်တော်ကြီးအကွက်အမှတ်(၁)၊ စက်ရုံစုရပ်ကွက်၊ ကိုယ်ပွားသတင်းစာတိုက်အနီး၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ ၀၄၃-၂၂၉၄၉

ရန်ကုန်တိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ အမှတ် (၁၃၇) သုဓမ္မာ လမ်းမကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ ၀၁- ၆၆၅၈၀၆

ရှမ်းပြည်နယ်

ဒုတိယညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ အရှေ့မြို့ပတ်လမ်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။ ၀၈၁-၂၀၆၈၂၉

ဧရာဝတီတိုင်းဒေသကြီး

ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အမှတ်(၅၂)၊ ခေတ္တာ(၃)လမ်း၊ ၁၃ ရပ်ကွက်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။ ၀၄၂-၂၉၂၃၁

Website လိပ်စာ

မရှိပါ။



အသေးစားနှင့်အလတ်စားလုပ်ငန်းများအား ယာယီမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း


စက်မှုဝန်ကြီးဌာန / August 02, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ 

လျှောက်ထားလာသည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများသည် သက်ဆိုင်ရာ လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်လက်မှတ် တင်ပြနိုင်ရပါမည်။
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ရန်မလိုအပ်သည့် လုပ်ငန်းဖြစ်ပါက အောက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ရပါမည်-

  • ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသောပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှု မရှိခြင်း၊
  • သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ခြင်း၊ ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းများကိုသတ်မှတ်ချက်နှင့်အညီဆောင်ရွက်ပေးနိုင်ခြင်း၊
  • မီးဘေးအန္တရာယ်ကင်းရှင်းခြင်း၊
  • လုပ်င‌န်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုမရှိခြင်း၊
ဝန်ဆောင်ခ

ယာယီမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း 

- အသေးစားစီးပွားရေးလုပ်ငန်း                      -   ၅၀,၀၀ ကျပ်

- အလတ်စားစီးပွားရေးလုပ်ငန်း                     - ၁၀,၀၀၀ ကျပ်

ပြန်လည်လျှောက်ထားခြင်း

- ကတ်ပြုပြင်လျှောက်ထားခြင်း                     -   ၅,၀၀၀ ကျပ်

- ကတ်အရွယ်အစားပြောင်းလျှောက်ထားခြင်း -   ၅,၀၀၀ ကျပ်

- ကတ်ပျက်စီးလျှောက်ထားခြင်း                   -   ၅,၀၀၀ ကျပ်

- ကတ်ပျောက်ဆုံးလျှောက်ထားခြင်း              - ၁၀,၀၀၀ ကျပ်

သက်တမ်းတိုးလျှောက်ထားခြင်း

- အသေးစားစီးပွားရေးလုပ်ငန်း                    -   ၅,၀၀၀ကျပ် 

- အလတ်စားစီးပွားရေးလုပ်ငန်း                   - ၁၀,၀၀၀ကျပ်

သက်တမ်းကျော်လွန်လျှောက်ထားခြင်း

- အသေးစားစီးပွားရေးလုပ်ငန်း                    - ၁၀,၀၀၀ကျပ် 

- အလတ်စားစီးပွားရေးလုပ်ငန်း                   - ၁၅,၀၀၀ ကျပ်

လိုအပ်သော အချက်အလက်များ
  • နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊ 
  • ဓါတ်ပုံ (Passport size) 
  • အိမ်ထောင်စုဇယားမိတ္တူ
  • သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ ခွင့်ပြုချက်/ မှတ်ပုံတင်လက်မှတ်မိတ္တူ
လျှောက်ထားရန်အဆင့်များ 

Online Registration & e-Payment System Webportal (www.msmewebportal.gov.mm) တွင်ဝင်ရောက် လျှောက်ထားနိုင်ပြီး လျှောက်ထားပုံ အဆင့်ဆင့်နှင့် ငွေပေးသွင်းရန် အဆင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အဆင့်(၁) မှတ်ပုံတင်ရန် လျှောက်ထားခြင်းခေါင်းစဉ်အောက်မှ "မှတ်ပုံတင်လျောက်ထားရန်"ကို Click နှိပ်ရန်၊
အဆင့်(၂) "အကောင့်အသစ်ဖွင့်ရန်"ကို Clikc နှိပ်၍ သုံးစွဲသူ၏ email / အမည် / လျှို့ဝှက် Code များဖြင့် Account အား မှတ်ပုံတင်ရန်၊ Account မှတ်ပုံတင်ထားပြီးဖြစ်သော သုံးစွဲသူများသည် အမည်/ လျှို့ဝှက် Code များကို ဖြည့်၍ "ဝင်ရန်" Click နှိပ်ရန်၊ 
အဆင့်(၃) အကောင့်ဖွင့်ရာတွင် အသုံးပြုခဲ့သည့် email သို့ ဝင်ရောက်၍ "Verify" အား Click နှိပ်ရန်၊
အဆင့်(၄) လျှောက်လွှာတွင် Passport Size ဓါတ်ပုံ (နောက်ခံအပြာရောင်) အား Upload ပြုလုပ်ရန်၊
အဆင့်(၅) ဖြည့်စွက်ရန်လိုအပ်သည့် အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ရမည်ဖြစ်ပြီး မြန်မာဘာသာ နေရာတွင် Myanmar Font (Unicode) ဖြင့် ဖြည့်စွက်၍ အင်္ဂလိပ်ဘာသာ နေရာတွင် English Font ဖြင့် ဖြည့်စွက်ရန်၊
အဆင့်(၆) ဖော်ပြထားသည့် အဆင့်အလိုက် အချက်အလက်များဖြည့်သွင်း၍ အဆင့်တိုင်းတွင် Click  နှိပ်ရန်ဟု ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ရန်၊
အဆင့်(၇) ပူးတွဲအချက်အလက်များဟု ဖော်ပြထားသည့် နေရာတွင် ပူးတွဲအထောက်အထားများ အနေဖြင့် သက်ဆိုင်ရာဌာနမှ ရယူထားသည့် လိုင်စင်(သို့မဟုတ်) ပါမစ်(သို့မဟုတ်) ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုဇယားမိတ္တူများကို Upload ပြုလုပ်ရန်၊
အဆင့်(၈) အချက်အလက်များဖြည့်စွက်ရာတွင် ဖြည့်စွက်ရန်မရှိသည့်နေရာများတွင် (-)ဖြင့် ဖော်ပြရန်၊
အဆင့်(၉) အချက်အလက်များ ပြည့်စုံမှတ်ကန်ပါက ပေးပိုရန် အတွက် "Submit" ကို Click နှိပ်ရန်၊
  (လျှောက်ထားရန်အတွက် လုပ်ငန်းရှင်မှ Register ပြုလုပ်ခဲ့သည့် User Namw ၊ Password နှင့် email တို့အား မှတ်သားထားရန် လိုအပ်ပါသည်။)
မှတ်ပုံတင်လက်မှတ်အား Online မှ လျှောက်ထားရန် ဆောင်ရွက်ပုံအဆင့်ဆင့်

ငွေပေးသွင်းရန် အဆင့်များ

(က) MPU စနစ်ဖြင့် ငွေပေးသွင်းရန်အတွက် ဆောင်ရွက်ရန်အဆင့်များ

အဆင့်(၁) ငွေပေးသွင်းရန်အတွက်  MPU Card အား သက်ဆိုင်ရာ ဘဏ်တွင် e-Commerce "On" ထားသည့် ကတ် ဖြစ်ရန် လိုအပ်ခြင်း၊
အဆင့်(၂) ငွေပေးသွင်းနိုင်ရန် email သို့ အကြောင်းကြားစာ ရရှိပါက Registration ပြုလုပ်ခဲ့သည့် User Name နှင့် Password ဖြင့် ဝင်ရောက်၍ User Profile အား ဝင်ရောက်ကြည့်ရှုပြီး User Profile တွင် "ကတ်ထုတ်ယူနိုင်ရန်အတွက် ငွေသွင်းနိုင်ပြီ ဖြစ်ပါကြောင်း" ဖော်ပြထားပါက "PAY MEMBER FEE"ကို Click နှိပ်၍ ငွေပေးသွင်းရန်၊ 
အဆင့်(၃) ဖော်ပြထားသည့် Terms and Conditions အားဖတ်ရှု၍ သဘောတူပါက "Agree" နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊
အဆင့်(၄) OTP Code အားရယူနိုင်ရန်အတွက် MPU Card No.နှင့် Expire Date များအား ဖြည့်စွက်၍ "GET OTP" အား Click နှိပ်ရန်၊
အဆင့်(၅) OTP Code ကို MPU Card အား e-commerce "ON"ရာတွင် အသုံးပြုခဲ့သည့် Email Address ဖြင့် ဝင်ရောက်ကြည့်ရှု၍ ရယူပါ။
အဆင့်(၆) OTP Code ရရှိပြိးပါက သတ်မှတ်ထားသော အချိန်အတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ "Confirm Payment"အား Click နှိပ်ရန် ၊ Approve ဖြစ်ပါက Continue အား ဆက်လက်၍ Click နှိပ်ရန်၊

(ခ) Visa, Master, JCB နှင့် UnionPay များဖြင့် ပေးသွင်းရန်လိုအပ်သည့်အဆင့်များ

အဆင့်(၁) ငွေပေးသွင်းရန်အတွက်  Visa, Master, JCB နှင့် UnionPay Card အား သက်ဆိုင်ရာ ဘဏ်တွင် ပြုလုပ်ရန် လိုအပ်ခြင်း၊
အဆင့်(၂) ငွေပေးသွင်းနိုင်ရန် email သို့ အကြောင်းကြားစာ ရရှိပါက Registration ပြုလုပ်ခဲ့သည့် User Name နှင့် Password ဖြင့် ဝင်ရောက်၍ User Profile အား ဝင်ရောက်ကြည့်ရှုပြီး User Profile တွင် "ကတ်ထုတ်ယူနိုင်ရန်အတွက် ငွေသွင်းနိုင်ပြီ ဖြစ်ပါကြောင်း" ဖော်ပြထားပါက " VISA, Master, JCB, UnionPay "ကို Click နှိပ်၍ ငွေပေးသွင်းရန်၊ 
အဆင့်(၃) ဖော်ပြထားသည့် Terms and Conditions အားဖတ်ရှု၍ သဘောတူပါက "Agree" နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊
အဆင့်(၄) OTP Code အားရယူနိုင်ရန်အတွက် Card No.နှင့် Expire Date , Card holder name နှင့် Security Code များအား ဖြည့်စွက်၍ "Confirm Payment" အား နှိပ်ပြီး "Pay Now" ကို Click နှိပ်ရန်၊
အဆင့်(၅) OTP Code ကို Card ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် Email Adderss သို့မဟုတ် ဖုန်းနံပါတ် သို့ ဝင်ရောက်ကြည့်ရှု၍ ရယူရန်၊
အဆင့်(၆) OTP Code ရရှိပြီးပါက ဖြည့်စွက်ရမည့် သတ်မှတ်ကာလအတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ "Submit " အား Click နှိပ်ရန်၊

 

ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စ

ဌာန                          - ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းညှိနှိုင်းရေးဌာန
ဖုန်းနံပါတ်                 - ၀၆၇ ၄၀၈၃၉၅
အီးမေးလိပ်စာ           - smeregister.2023@gmail.com
လိပ်စာ                     - ရုံးအမှတ် (၃၇) ၊ နေပြည်တော်
Website Address    - www.msmewebportal.gov.mm

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
  • တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ။
ထပ်မံဖြည့်စွက်ချက်
  • SME လုပ်ငန်းများအဖြစ် အသိအမှတ်ပြုကတ်များကို Online မှတဆင့် လွယ်ကူလျှင်မြန်စွာ ဝင်ရောက်လျှောက်ထားနိုင်ပြီး၊ ငွေပေးသွင်းမှုကိုလည်း e-Payment စနစ်ဖြင့် MPU ၊ Visa၊ Master ၊ JCB ၊ Union Pay များအသုံးပြု၍ ပေးသွင်းနိုင်ပါသည်။



မေးလေ့ရှိသောမေးခွန်းများ