PUM Netherlands အဖွဲ့အစည်းထံမှနည်းပညာ လွှဲပြောင်းရယူနိုင်ရန် လျှောက်ထားပေးခြင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME လုပ်ငန်းများအဖြစ် အသိအမှတ် ပြုကတ်များထုတ်ပေးခြင်း

PUM Netherlands အဖွဲ့အစည်းထံမှနည်းပညာ လွှဲပြောင်းရယူနိုင်ရန် လျှောက်ထားပေးခြင်း


စက်မှုဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လုပ်ငန်းသက်တမ်း (၂) နှစ်ရှိရမည်။

ဝန်ဆောင်ခ

၂၀၁၇ခုနှစ်အတွင်း နည်းပညာလျှောက်ထားပါက SME လုပ်ငန်းရှင်များအနေဖြင့် အောက်ပါဝန်ဆောင်ခများကို ပေးဆောင်ရမည်-

(၁)    Experts ၏ ပြည်တွင်းနေထိုင်စရိတ် (၅၀% )

(၂)     ပြည်တွင်းခရီးစရိတ်နှင့် စားသောက်စရိတ်များ

၂၀၁၈ ခုနှစ်အတွင်း နည်းပညာလျှောက်ထားပါက SME လုပ်ငန်းရှင်များအနေဖြင့် အောက်ပါ ဝန်ဆောင်ခများကို ပေးဆောင်ရမည်-

(၁)    Experts ၏ ပြည်တွင်းနေထိုင်စရိတ် (၁၀၀% )

(၂)     ပြည်တွင်းခရီးစရိတ်နှင့် စားသောက်စရိတ်များ

(၃)    လုပ်ငန်းတစ်မျိုးစီအတွက် စဦးခေါ်ဆိုမှုစရိတ် Euro ၃၅၀ / ဒုတိယအကြိမ် ထပ်မံခေါ်ယူလျှင် Euro ၇၀၀ ကုန်ကျခံရပါမည်။

လိုအပ်သောစာရွက်စာတမ်းများ

လုပ်ငန်းသက်တမ်း (၂) နှစ်ရှိကြောင်း ထောက်ခံစာ

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

နည်းပညာလိုအပ်ချက်တင်ပြခြင်း။

သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အောက်ရှိ SME ဌာနသို့ ရယူလိုသော နည်းပညာနှင့် ပတ်သက်၍ တင်ပြတောင်းခံခြင်း။

အဆင့်(၂)

PUM Netherlands Senior အဖွဲ့သို့ Online မှ တဆင့် လျှောက်ထားခြင်း။

ပြည်နယ်/တိုင်းဒေသကြီးရုံးများမှ SME လုပ်ငန်းရှင်များ တင်ပြလာသော နည်းပညာများအား ဦးစီးဌာနရုံးချုပ်မှတဆင့် PUM အဖွဲ့သို့ လျှောက်ထားပေးခြင်း။
PUM Netherlands Senior အဖွဲ့မှ အကြောင်းပြန်ကြားချက်အရ Experts ၏ Qualification နှင့်ခရီးစဉ်ဆိုင်ရာအချက်အလက်များ ရယူ၍ နည်းပညာတင်ပြတောင်းခံလာသော ပြည်နယ်/တိုင်း ဒေသကြီးများရှိ   စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးများသို့ ပြန်လည် အကြောင်းကြားခြင်း။

အဆင့်(၃)

ပညာရှင်အတွက် ပြည်တွင်းခရီးစဉ် စီစဉ် ဆောင်ရွက်ခြင်း။

ပညာရှင်မှ မိမိလုပ်ငန်းခွင်သို့လာရောက်၍ နည်းပညာများ ပေးအပ်သည့် အချိန်အတွင်း ပညာရှင်တည်းခိုခြင်း၊ စားသောက်ခြင်း၊ လုပ်ငန်းခွင်လေ့လာမှုအတွက် ယာဉ်အသုံးပြုမှုနှင့် လိုအပ်ပါက စကားပြန်ငှားရမ်းခြင်းများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများရှိ   SME ဝန်ထမ်းများနှင့် ပူးပေါင်းအကြံဉာဏ်ယူ ဆောင်ရွက်ရပါမည်။

ဆက်သွယ်ရန်လိပ်စာ

နေပြည်တော်

ရုံးအမှတ်(၄၁)၊ စက်မှုဝန်ကြီးဌာန ၀၆၇-၄၀၈၃၉၄

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ DISI ပြည်နယ်ရုံးများနှင့် ခရိုင်ရုံးခွဲများ၊  စုစုပေါင်း (၅၃) ရုံး

 

တိုင်းဒေသကြီး/ပြည်နယ်/ ပြည်ထောင်စုနယ်မြေအလိုက် ဆက်သွယ်ရမည့်လိပ်စာများ 

၁။ ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းညှိနှိုင်းရေးဌာန စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်။ ၀၆၇-၄၀၈၃၉၅
၂။ ကချင်ပြည်နယ်၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့။ ၀၇၄-၂၂၄၁၅
      ၀၇၄-၂၉၃၈၆      
  (က) မြစ်ကြီးနားခရိုင် အမှတ်(၁၃၉)/ဃ-၁၈၊မြို့မရပ်ကွက်၊ စျေးကြီးလမ်းနှင့်ဗိုလ်ချုပ်အောင်ဆန်းလမ်းဒေါင့်၊ မြစ်ကြီးနားမြို့။ ၀၇၄-၂၈၀၇၂
  (ခ) ဗန်းမော်ခရိုင် အမှတ်(၂၇)၊ဆင်ဖြူရှင်လမ်း၊မင်းကုန်းရပ်ကွက်၊ ဗန်းမော်မြို့။

၀၇၄-၅၀၉၅၅

၃။ ကယားပြည်နယ်၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၉)၊ ၁၁လမ်းနှင့်ခွန်လီလမ်းဒေါင့်၊ နောင်ယား(က)ရပ်ကွက်၊ လွိုင်ကော်မြို့။ ၀၈၃-၂၂၂၄၀၈၁
  (က) လွိုင်ကော်ခရိုင် အမှတ်(၅၃)၊ ဦးသီရိလမ်း၊ ဒေါဥခူရပ်ကွက်၊ ကျောက်ပြားဝင်း၊လွိုင်ကော်မြို့။

၀၈၃-၂၂၂၄၀၁၂

      ၀၈၃-၂၂၂၄၀၁၃
၄။ ကရင်ပြည်နယ်၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၄၀)၊ ဇွဲကပင်လမ်း၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့။ ၀၅၈-၂၁၁၄၀
     

၀၅၈-၂၃၄၃၉

  (က) ဘားအံခရိုင် မြေကွက်အမှတ်(N/၉)၊ သီတာလမ်း၊ အမှတ်(၂)ရပ်ကွက်၊ ဘားအံမြို့။ ၀၅၈-၂၃၄၂၆
     

၀၅၈-၂၂၆၉၇

  (ခ) မြဝတီခရိုင် အမှတ်(၅၃-c)၊ အမှတ်(၄)ရပ်ကွက်၊ ဓိဌာန်အောင်ဘုရားလမ်း၊ မြဝတီမြို့။ ၀၅၈-၅၁၃၉၀
၅။ ချင်းပြည်နယ် ၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၉၁)၊ တလန်ဟရောန်လမ်း၊စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့။ ၀၇၀-၂၂၅၅၉
      ၀၇၀-၂၁၀၇၄
  (က) ဟားခါးခရိုင် အိုးအိမ်လမ်း၊စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့။ ၀၇၀-၂၂၅၆၆
၆။ စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၆၆၇)၊ ကျန်စစ်သားနှင့်အနော်ရထာလမ်းကြား၊ ရတနာလမ်းသွယ်၊နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့။  
       
  (က) ရွှေဘိုခရိုင် ကွင်းအမှတ်(၂၈၁၀)၊ အမှတ်(၁၀)သူဇာရပ်ကွက်၊ ခရိုင်ကျေးလက်ရုံးမြောက်ဘက်၊ရွှေဘိုမြို့။ ၀၇၅-၂၂၇၅၈
  (ခ) မုံရွာခရိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြသလ္လာစျေး၊ ဒုတိယထပ်၊ မုံရွာမြို့။ ၀၇၁-၂၆၂၄၆
  (ဂ) ကလေးခရိုင် လေယာဉ်ကွင်းအစားထိုးကွက်သစ်၊ကျန်စစ်သားလမ်း၊ တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။ ၀၇၃-၂၂၈၂၀
  (ဃ) စစ်ကိုင်းခရိုင် ဗိုလ်ချုပ်ပန်းခြံလမ်း၊ ပန်းဘဲတန်းရပ်၊ စစ်ကိုင်းမြို့။ ၀၇၂- ၂၂၂၀၃
၇။ တနင်္သာရီတိုင်းဒေသကြီး၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဝဲကျွန်းညောင်ရမ်းရပ်၊ ကုဿိန္နာရုံကျောင်းလမ်း၊ ထားဝယ်မြို့။

၀၅၉-၂၀၂၄၀၁၉

     

၀၅၉-၂၀၂၁၁၄၆

     

၀၅၉-၄၉၈၇၃၅၇၄

  (က) ထားဝယ်ခရိုင် ဝဲကျွန်းညောင်ရမ်းရပ်၊ ကုဿိန္နာရုံကျောင်းလမ်း၊ ထားဝယ်မြို့။ ၀၅၉-၂၀၂၁၈၆၈
  (ခ)မြိတ်ခရိုင် MRE ရေခဲစက်ဝင်းအတွင်း၊ ပိတောက်ပင်လမ်းဆုံ၊ကန်ဖျားရပ်ကွက်၊ မြိတ်မြို့။ ၀၅၉-၂၀၄၂၁၁၆
၈။ ပဲခူးတိုင်းဒေသကြီး၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၉)၊ သမိန်ဗရန်းလမ်း၊ (၁၈)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။

၀၅၂-၂၂၃၀၃၂၅

      ၀၅၂-၂၂၃၀၈၅၂
      ၀၅၂-၂၂၃၀၂၄၈
      ၀၅၂-၂၂၃၀၂၂၈
      ၀၅၂-၂၂၃၀၀၀၉
  (က) ပဲခူးခရိုင် စက်ရုံလမ်း၊ ရပ်ကွက်ကြီး(၉)၊ဥဿာမြို့သစ်၊ ပဲခူးမြို့။ ၀၅၂-၂၂၃၀၉၈၇
  (ခ) ပြည်ခရိုင် ပန်းတိမ်တန်းလမ်းနှင့်လက်သမားလမ်းထောင့်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ပြည်မြို့။ ၀၅၃-၂၄၃၀၇
  (ဂ) တောင်ငူခရိုင် ရန်ကုန်- မန္တလေးလမ်း၊ (၉)ရပ်ကွက်၊ ထီးလှိုင်ရပ်၊ တောင်ငူမြို့။

၀၅၄-၂၆၁၇၆

၉။ မကွေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြည်တော်သာလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်၊ ရွာသစ်ပွဲကြိုရပ်၊မကွေးမြို့။ ၀၆၃-၂၀၂၈၆၄၂
  (က) မကွေးခရိုင် အမှတ်(၉)စီ၊ တာပတ်ကွင်းလမ်း၊ ရုံးပေါင်းစုံဝင်း၊ မကွေးမြို့။ ၀၆၃-၂၀၂၇၄၂၂
  (ခ) ပခုက္ကူခရိုင် အမှတ်(၁)၊ ဗုဒ္ဓကုန်းရပ်၊ ပခုက္ကူ- ရေစကြိုကားလမ်းမဘေး၊ ပခုက္ကူမြို့။

၀၆၂-၂၀၂၃၉၉၀

     

၀၆၂ - ၂၀၂၄၀၂၆

  (ဂ) သရက်ခရိုင် အမှတ်(၄)၊ တရော်ကုန်းရပ်ကွက်၊ ပြည်-တောင်တွင်းကားလမ်းမဘေး၊ အောင်လံမြို့။ ၀၆၉-၂၀၀၀၅၂
၁၀။ မန္တလေးတိုင်းဒေသကြီး၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၂၉)၊ ကွင်းအမှတ်(၉၀၂)၊သီတာအေးရပ်၊ ရန်ကုန်-မန္တလေးလမ်း၊ချမ်းမြသာစည်တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ ၀၂-၃၉၁၃၃
      ၀၂-၆၃၁၁၉
     

၀၂-၃၉၅၇၃

      ၀၂-၆၀၈၂၁
  (က) မန္တလေးခရိုင် အကွက်အမှတ်(၂၈၁)၊ ၄၁လမ်း၊၈၆x၈၇လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။ ၀၂-၆၈၂၁၀
      ၀၂-၂၁၀၉၇
  (ခ) မိတ္ထီလာခရိုင် အရှေ့ပြင်ရပ်ကွက်၊ ဒုတိယလမ်းမတော်လမ်း၊ ယခင်ဝင်းသူဇာအရောင်းဆိုင် အပေါ်ထပ်၊ မိတ္ထီလာမြို့။

၀၆၄-၂၆၄၇၄

  (ဂ) မြင်းခြံခရိုင် အကွက်အမှတ်(၂၂၅)၊ စက်မှုဇုန်၊ (၁၉)ရပ်ကွက်၊ မြင်းခြံမြို့။ ၀၆၆-၃၀၄၉၃
  (ဃ)ရမည်းသင်းခရိုင် ရန်ကုန်-မန္တလေးကားလမ်းနှင့် မေတ္တာလမ်းထောင့်၊အ.ထ.က(၁) မျက်နှာချင်းဆိုင်၊ ရမည်းသင်းမြို့။ ၀၆၄-၄၀၄၂၉
၁၁။ မွန်ပြည်နယ်၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၅၀)အထက်လမ်းမကြီး၊ စစ်ကဲကုန်းရပ်၊မော်လမြိုင်မြို့။

၀၅၇-၂၀၂၂၁၆၆

      ၀၅၇-၂၀၂၁၂၀၂
  (က)မော်လမြိုင်ခရိုင် မင်းရွာရော်ဘာခြံ၊စိုက်ကွက်အမှတ်(၁)၊မော်လမြိုင်-ကျိုက်မရော ကားလမ်းမဘေး၊ မော်လမြိုင်မြို့။  
၁၂။ ရခိုင်ပြည်နယ်၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တက္ကသိုလ်ရိပ်သာလမ်း၊ မန်ကျည်းမြိုင်ရပ်ကွက်၊တက္ကသိုလ်ဆရာများလေးထပ်ဆောင်ရုံးရှေ့၊ စစ်တွေမြို့။

၀၄၃-၂၃၇၉၃

      ၀၄၃-၂၃၇၄၂      
  (က) စစ်တွေခရိုင် အကွက်အမှတ်(၄၅၈/၄၅၉)၊ ဆတ်ရိုးကျစက်မှုရပ်ကွက်၊ စစ်တွေမြို့။  
  (ခ) ကျောက်ဖြူခရိုင် စေတီတောင်ရပ်ကွက်၊ ဘုရားကြီးကွင်း၊ ကျောက်ဖြူမြို့။

၀၄၃-၄၆၆၉၀

  (ဂ) သံတွဲခရိုင် သံတွဲ-တောင်ကုတ်ကားလမ်းဘေး၊ ကျော်ဇံဆီဆိုင်အနီး၊ သာယာဝတီမြို့သစ်၊ သံတွဲမြို့။ ၀၄၃-၆၅၆၂၁
၁၃။ ရန်ကုန်တိုင်းဒေသကြီး၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၅၅၇၄၁၆
      ၀၁-၅၅၅၁၀၀
     

၀၁-၅၅၁၉၇၃

     

၀၁-၅၅၄၄၆၆

      ၀၁-၈၆၀၅၃၃၅
  (က) အရှေ့ပိုင်းခရိုင် အမှတ်(၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၅၁၀၁၄

      ၀၁-၈၆၀၂၀၃၁
  (ခ)အနောက်ပိုင်းခရိုင် အမှတ်၃၂/၃၄ (၁၈)လမ်း၊(၁)ရပ်ကွက်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၂၃၁၇၀၀၈
  (ဂ)တောင်ပိုင်းခရိုင် အမှတ်၃၂/၃၄ (၁၈)လမ်း၊(၁)ရပ်ကွက်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၂၃၁၆၆၇၈
  (ဃ)မြောက်ပိုင်းခရိုင် အမှတ်(၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၅၅၁၇၈၉
၁၄။ ရှမ်းပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၂၀/၂၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်ကွက်၊ တောင်ကြီးမြို့။ ၀၈၁-၂၁၂၅၄၉၁
      ၀၈၁-၂၁၂၅၄၉၀
      ၀၈၁-၂၁၂၂၄၄၄
  (က) တောင်ကြီးခရိုင် သစ်ပင်ထောင်လမ်း၊ ရပ်ကွက်(၃)၊ အေးသာယာ(ထုံးဖို)။

၀၈၁-၂၀၈၅၅၇

      ၀၈၁-၂၀၈၅၅၈
  (ခ) လားရှိုးခရိုင် အကွက်အမှတ်(၆၄)၊ နားမခေါ်ရပ်၊ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ရန်တိုင်းအောင်ဘုရားအနီး၊လားရှိုးမြို့။ ၀၈၂-၂၂၀၃၈၂၈
      ၀၈၂-၂၂၀၃၆၉၂
  (ဂ) ကျိုင်းတုံခရိုင် ကျိုင်းငမ်း(၄)လမ်း၊(၂)ရပ်ကွက်၊ ကျိုင်းတုံမြို့။ ၀၈၄-၂၃၂၁၅
      ၀၈၄-၂၃၂၂၀
  (ဃ) လွိုင်လင်ခရိုင် လွိုင်လင်-ပင်လုံ ကားလမ်းမဘေး၊ မိုင်တိုင်အမှတ်(၂မိုင်၊၄ဖာလုံ)၊ လွိုင်လင်မြို့။ ၀၈၁-၃၁၀၁၅၇
၁၅။ ဧရာဝတီတိုင်းဒေသကြီး၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၁၅)ရပ်ကွက်၊ ပုသိမ်-ရန်ကုန်ကားလမ်း၊ပုသိမ်လေဆိပ်ရှေ့၊ခလရ(၂၇၁)အနီး၊ ပုသိမ်မြို့။ ၀၄၂-၂၉၀၉၁      
      ၀၄၂-၂၉၁၃၈
      ၀၄၂-၂၉၀၉၀
     

၀၄၂-၂၉၀၂၁

  (က)ပုသိမ်ခရိုင် အမှတ်(၅၂)၊ မဉ္ဇူလမ်း၊ ရကအ(၁၃)၊ပုသိမ်မြို့။

၀၄၂-၂၉၂၁၅

  (ခ) ဟင်္သာတခရိုင် အမှတ်(၄၃၊၄၄)၊သီရိအောင်မြေ(၆)လမ်း၊ လယ်တီကွင်းရပ်ကွက်၊ ဟင်္သာတမြို့။          ၀၄၄-၂၀၂၂၇၅၇
      ၀၄၄-၂၀၂၂၈၀၅
  (ဂ) ဖျာပုံခရိုင် အမှတ်(၄၅၂)(ခ)၊ ချောင်းတွင်းကျေးရွာ၊ ဖျာပုံမြို့။ ၀၄၅-၄၀၄၉၇
၁၆။ ပြည်ထောင်စုနယ်မြေ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၁၁)၊ သပြေလမ်း၊ ရွာသစ်ကျေးရွာအုပ်စု၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။

၀၆၇-၅၅၀၁၇၈

      ၀၆၇-၅၅၀၁၇၉
      ၀၆၇-၅၅၀၃၆၂
  (က)ဥတ္တရခရိုင် မြေကွက်အမှတ်(ပခ-၀၀၈)၊ ၁၂/ချင်းတွင်းအနောက်လမ်း၊ မင်္ဂလာဒီပရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။ ၀၆၇-၅၁၀၁၇၄
      ၀၆၇-၅၁၀၁၇၅
  (ခ)ဒက္ခိဏခရိုင် မြေကွက်အမှတ်(ပခ-၅၇)၊ နေပြည်တော်ကောင်စီလမ်း၊အောင်သုခကျေးရွာ၊ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏခရိုင်၊ နေပြည်တော်။ ၀၆၇-၅၅၀၃၄၂
      ၀၆၇-၅၅၀၃၄၃

 



အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME လုပ်ငန်းများအဖြစ် အသိအမှတ် ပြုကတ်များထုတ်ပေးခြင်း


စက်မှုဝန်ကြီးဌာန / March 14, 2022

SME Member Card လျှောက်ထားလိုသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် သက်ဆိုင်ရာလိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်လက်မှတ် တင်ပြနိုင်ရပါမည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ရန်မလိုအပ်သည့် လုပ်ငန်းဖြစ်ပါက အောက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ရပါမည်-

(၁) ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသော ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှုမရှိခြင်း၊

(၂) သဘာဝပတ်ဝန်းကျင်နှင့်လူမှုစီးပွားပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ခြင်း၊ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်း

(၃) မီးဘေးအန္တရာယ်ကင်းရှင်းခြင်း၊

(၄) လုပ်င‌န်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုမရှိခြင်း၊

မှတ်ချက်။ လက်ရှိကာလတွင် ဌာနအနေဖြင့် သက်ဆိုင်ရာ လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်လက်မှတ် မရရှိသေးသည့် SME လုပ်ငန်းရှင်များပါ SME Member လျှောက်ထားခွင့် ရရှိနိုင်ရေးအတွက် အဆိုပါအထောက်အထားများ မတင်ပြနိုင်ပါကလည်း ကတ်လျှောက်ထားနိုင်ရန် ဖြေလျှော့ထားပါသည်။

ဝန်ဆောင်ခနှုန်းထားများ    

SME Member Card အသစ်လျှောက်ထားခြင်း

  •     အသေးစားစီးပွားရေးလုပ်ငန်း                    -   ၅၀,၀၀ ကျပ်
  •     အလတ်စားစီးပွားရေးလုပ်ငန်း                   - ၁၀,၀၀၀ ကျပ်

ကတ်ပြန်လည်လျှောက်ထားခြင်း

  •     ကတ်ပြုပြင်လျှောက်ထားခြင်း                    -   ၅,၀၀၀ ကျပ်
  •     ကတ်အရွယ်အစားပြောင်းလျှောက်ထားခြင်း -   ၅,၀၀၀ ကျပ်
  •     ကတ်ပျက်စီးလျှောက်ထားခြင်း                   -   ၅,၀၀၀ ကျပ်
  •     ကတ်ပျောက်ဆုံးလျှောက်ထားခြင်း              - ၁၀,၀၀၀ ကျပ်

သက်တမ်းတိုးလျှောက်ထားခြင်း

  •     အသေးစားစီးပွားရေးလုပ်ငန်း                    -   ၅,၀၀၀ကျပ်
  •     အလတ်စားစီးပွားရေးလုပ်ငန်း                   - ၁၀,၀၀၀ကျပ်

သက်တမ်းကျော်လွန်လျှောက်ထားခြင်း

  •     အသေးစားစီးပွားရေးလုပ်ငန်း                    - ၁၀,၀၀၀ကျပ်
  •     အလတ်စားစီးပွားရေးလုပ်ငန်း                   - ၁၅,၀၀၀ ကျပ်

SME Member Card လျှောက်ထားရန် လိုအပ်သော အချက်အလက်များ    

  • နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊
  • ဓါတ်ပုံ (Passport size)
  • အိမ်ထောင်စုဇယားမိတ္တူ
  • သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ ခွင့်ပြုချက်/ မှတ်ပုံတင်လက်မှတ်မိတ္တူ


ဝဘ်ဆိုက် လိပ်စာ

https://msmewebportal.gov.mm

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)    -    မှတ်ပုံတင်ရန်လျှောက်ထားခြင်းခေါင်းစဉ်အောက်မှ "မှတ်ပုံတင်လျှောက်ထားရန်"ကို Click နှိပ်ရန်၊

အဆင့်(၂)    -    "အကောင့်အသစ်ဖွင့်ရန်"ကို Click နှိပ်၍  သုံးစွဲသူ၏ email/ အမည်/ လျှို့ဝှက် Code များဖြင့် Account အားမှတ်ပုံတင်ရန်၊ Account မှတ်ပုံတင်ထားပြီးဖြစ်သော သုံးစွဲသူများသည် အမည်/ လျှို့ဝှက် Code များကိုဖြည့်၍ "ဝင်ရန်" ကို Click နှိပ်ရန်၊

အဆင့်(၃)    -    အကောင့်ဖွင့်ရာတွင် အသုံးပြုခဲ့သည့် email သို့ ဝင်ရောက်၍ “Verify” အား Click နှိပ်ရန်၊    

အဆင့်(၄)    -    လျှောက်လွှာတွင် Passport Size ဓါတ်ပုံ(နောက်ခံအပြာရောင်)အား Upload ပြုလုပ်ရန်၊    

အဆင့်(၅)    -    ဖြည့်စွက်ရန်လိုသည့် အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ရမည်ဖြစ်ပြီး မြန်မာဘာသာ နေရာတွင် Myanmar Font (Unicode) ဖြင့် ဖြည့်စွက်၍ အင်္ဂလိပ်ဘာသာနေရာတွင် English Font ဖြင့် ဖြည့်စွက်ရန်၊    

အဆင့်(၆)    -    ဖော်ပြထားသည့်အဆင့်အလိုက် အချက်အလက်များဖြည့်သွင်း၍ အဆင့်တိုင်းတွင် Click နှိပ်ရန်ဟု ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ရန်၊

အဆင့်(၇)   -    ပူးတွဲအချက်အလက်များဟု ဖော်ပြထားသည့်နေရာတွင် ပူးတွဲအထောက်အထားများအနေဖြင့် သက်ဆိုင်ရာဌာနမှရယူထားသည့် လိုင်စင် (သို့မဟုတ်) ပါမစ် (သို့မဟုတ်) ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူများကို Upload ပြုလုပ်ရန်၊    

အဆင့်(၈)    -    အချက်အလက်များဖြည့်စွက်ရာတွင် ဖြည့်စွက်ရန်မရှိသည့်နေရာများတွင် (-) ဖြင့် ဖော်ပြရန်၊    

အဆင့်(၉)    -    အချက်အလက်များပြည့်စုံမှန်ကန်ပါက ပေးပို့ရန်အတွက် "Submit" ကို Click နှိပ်ရန်၊   

လျှောက်ထားရန်အတွက် လုပ်ငန်းရှင်မှ Register ပြုလုပ်ခဲ့သည့်User Name ၊ Password နှင့် email တို့အား မှတ်သားထားရန် လိုအပ်ပါသည်။
    

ငွေပေးသွင်းရန်အဆင့်များ

  • MPU စနစ်ဖြင့် ငွေပေးသွင်းရန်အတွက် ဆောင်ရွက်ရန်အဆင့်များ

အဆင့်(၁)    - ငွေပေးသွင်းရန်အတွက် MPU Card အား သက်ဆိုင်ရာ ဘဏ်တွင် e-commerce “On” ထားသည့် ကတ်ဖြစ်ရန်လိုအပ်ခြင်း၊

အဆင့်(၂)    - ငွေပေးသွင်းနိုင်ရန် email သို့ အကြောင်းကြားစာ ရရှိပါက Registration ပြုလုပ်ခဲ့သည့် User Name နှင့် Password ဖြင့် ဝင်ရောက်၍ User Profile အား ဝင်ရောက် ကြည့်ရှုပြီး User Profile တွင် “ကတ်ထုတ်ယူနိုင်ရန်အတွက်ငွေသွင်း နိုင်ပြီဖြစ်ပါကြောင်း” ဖော်ပြထားပါက ” PAY MEMBER FEE”ကို Click နှိပ်၍ ငွေပေးသွင်းရန်၊

အဆင့်(၃)    - ဖော်ပြထားသည့် Terms and Conditions အား ဖတ်ရှု၍ သဘောတူပါက “Agree” နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊

အဆင့်(၄)    - OTP Code အား ရယူနိုင်ရန်အတွက် MPU Card No. နှင့် Expire Date များအား ဖြည့်စွက်၍ “GET OTP” အား Click နှိပ်ရန်၊

အဆင့်(၅)    - OTP Code ကို MPU Card အား e-commerc “ON” ရာတွင် အသုံးပြုခဲ့သည့် Email Address ဖြင့်ဝင်ရောက်ကြည့်ရှု၍ ရယူရန်၊

အဆင့်(၆)    - OTP Code ရရှိပြီးပါက သတ်မှတ်ထားသော အချိန်အတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ “Confirm Payment” အား Click နှိပ်ရန်၊ Approve ဖြစ်ပါက Continue အား ဆက်လက်၍ Click နှိပ်ရန်၊

  • Visa, Master, JCB နှင့် UnionPay များဖြင့် ငွေပေးသွင်းရန်လိုအပ်သည့်အဆင့်များ

အဆင့်(၁)    - ငွေပေးသွင်းနိုင်ရန်အတွက် Visa, Master, JCB or UnionPay Card များအားသက်ဆိုင်ရာဘဏ်တွင် ပြုလုပ်ရန်လိုအပ်ခြင်း၊

အဆင့်(၂)    - ငွေပေးသွင်းနိုင်ရန် email သို့ အကြောင်းကြားစာ ရရှိပါက Registration ပြုလုပ်ခဲ့သည့်User Name နှင့် Password ဖြင့် ဝင်ရောက်၍ User Profile အား ဝင်ရောက်ကြည့်ရှုပြီး User Profile တွင် “ကတ်ထုတ်ယူနိုင်ရန်အတွက် ငွေပေသွင်းနိုင်ပြီဖြစ်ပါကြောင်း" ဖော်ပြထားပါက“ VISA, Master, JCB, UnionPay” ကို Click နှိပ်၍ငွေပေးသွင်းရန်၊

အဆင့်(၃)    - ဖော်ပြထားသည့် Terms and Conditions အား ဖတ်ရှု၍ သဘောတူပါက “Agree”နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊  

အဆင့်(၄)    - OTP Code ရယူနိုင်ရန်အတွက် Card No., Expire Date, Card holder name နှင့်Security Code များအား ဖြည့်စွက်၍ “Confirm Payment” အား နှိပ်ပြီး "Pay now"ကို Click နှိပ်ရန်၊  

အဆင့်(၅)    - OTP Code ကို Card ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် Email Address သို့မဟုတ် ဖုန်းနံပါတ်သို့ ဝင်ရောက်ကြည့်ရှု၍ ရယူရန်၊  

အဆင့်(၆)    - OTP Code ရရှိပြီးပါက ဖြည့်စွက်ရမည့် သတ်မှတ်ကာလအတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ “Submit” အား Click နှိပ်ရန်၊    



မေးလေ့ရှိသောမေးခွန်းများ