ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ


ပြည်ထဲရေးဝန်ကြီးဌာန / April 03, 2023

လျှောက်ထားသူအားလုံး ပါရှိရမည့်အထောက်အထား
    •    နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
    •    အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ ၂ စုံ
    •    အသက် ၁၀ နှစ်အောက်ဖြစ်လျှင် မွေးစာရင်း မူရင်းနှင့် မိတ္တူ ၂ စုံ
သင်္ဘောသားများဖြစ်ပါက 
    •    ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်းလက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
    •    သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက် မှတ်တမ်း(CDC)စာအုပ် မူရင်းနှင့် မိတ္တူ ၂ စုံ
စီးပွားရေးမြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများ
    •    ကုမ္ပဏီမှတ်ပုံတင် မူရင်းနှင့် မိတ္တူ ၂ စုံ
    •    ပုံစံ (၆/၂၆) မူရင်းနှင့် မိတ္တူ ၂ စုံ
ကျောင်း/သင်တန်းများ တက်ရောက်လိုလျှင်
    •    သက်ဆိုင်ရာကျောင်း၏ ခေါ်စာ မူရင်းနှင့် မိတ္တူ ၂ စုံ
ပြည်ပအလုပ်အကိုင်အတွက် လျှောက်ထားသူများ
    •    အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံခြားအလုပ်သမားမှတ်ပုံတင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
မှီခိုလျှောက်ထားသူများ
    •    နိုင်ငံခြားသား မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ် ပေးသွင်းပြီးကြောင်း ထောက်ခံစာ
    •    လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ
ရဟန်းသံဃာများ/သီလရှင်များ
    •    သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
    •    မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
နိုင်ငံ့ဝန်ထမ်းများ
    •    သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပခွင့် မူရင်းနှင့် မိတ္တူ ၂ စုံ
တပ်မတော်သားများ၏ ဇနီး/ ခင်ပွန်းနှင့် သားသမီးများ
    •    ကက(ကြည်း)၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
ပြစ်ဒဏ်ကျခံဖူးသူများ
    •    ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
 
GREEN CHANNEL-GC
    •    MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ပြည်ပသို့ ဆေးကုသွားမည့်သူများ၊ ဆေးကုဖော် လိုက်ပါမည့်သူများ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးသွား အေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများ၊ 
  •    MoU အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာန၊ ဘာသာရေးကိစ္စ/သံဃာ/သီလရှင်များအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သင်္ဘောသားများ/လေကြောင်းဝန်ထမ်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆေးကု/ကျန်းမာရေးကိစ္စများ အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းများအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အစိုးရကိစ္စ/ပညာသင်ကိစ္စများ အတွက် လုပ်ငန်းများအတွက် ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့်များ ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ/အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(နေပြည်တော်) သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။
အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမှု အခြေအနေ
    •    အသက် ၆၀ ကျော် ကျန်းမာရေးမကောင်းသူ
    •    ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသမှုခံယူနေသူများ
    •    ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိသူများ



မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၂ ခု ဆက်လက်ကြည့်ရှုရန်

eVisa လျှောက်ထားခြင်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / November 03, 2021

Rating

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခြင်းဝန်ဆောင်မှု

ပြည်ထဲရေးဝန်ကြီးဌာန / April 03, 2023

၂၄-၃-၂၀၂၃ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် www.passport.gov.mm website တွင် Online Appointment စနစ်ဖြင့်

Rating
HOT NEWS
January 4,