နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်ထားခြင်း

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်ထားခြင်း


နယ်စပ်ရေးရာဝန်ကြီးဌာန / August 29, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) အလယ်တန်းပညာအဆင့်ရှိသူ (သို့မဟုတ်) မြန်မာစာနှင့်အင်္ဂလိပ်စာ ရေးတတ်၊ ဖတ်တတ်သည့် အဆင့်ရှိရမည်၊
(ဂ) အသက် (၃၀) နှစ်ထက်မကြီးသူ အမျိုးသားဖြစ်ရမည်၊
(ဃ) သင်တန်းအပေါ် စိတ်၀င်စားသူဖြစ်ပြီး သင်တန်းကာလအစမှအဆုံးအထိ တက်ရောက် လိုသူဖြစ်ရမည်။

ဝန်ဆောင်ခ

ဝန်ဆောင်မှုအားလုံးအခမဲ့

လျှောက်ထားရန်အဆင့်များ

   သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများသည် လျှောက်လွှာပုံစံဖြည့်စွက်ပြီး နိုင်ငံသား မှတ်ပုံတင် မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူတို့ကို ပူးတွဲလျှောက်ထားနိုင်ပါသည်။
   မှတ်ချက်။ ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်းတွင် Sustainabridge(SB) အဖွဲ့နှင့် ပူးပေါင်း၍ ဖွင့်လှစ်သည့် သင်တန်းများ၌ ကျား/မ မရွေး စိတ်အားထက်သန်ပြီး သင်တန်းတက်ရောက်ရန် စိတ်ပါ ဝင်စားသူများ လျှောက်လွှာပုံစံဖြည့်စွက်ပြီး နိုင်ငံသားမှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စု စာရင်းမိတ္တူတို့ဖြင့် ပူးတွဲလျှောက်ထားနိုင်ပါသည်။

သင်တန်းအမျိုးအစား

(က) ဆောက်လုပ်ရေးသင်တန်း ၂၂ ပတ်
( ခ ) လျှပ်စစ်သင်တန်း ၂၂ ပတ်
( ဂ ) ဂဟေသင်တန်း ၂၂ ပတ်
(ဃ) လက်ကိုင်ဖုန်းပြင်သင်တန်း ၂၂ ပတ်
( င ) မော်တော်ယာဉ်စက်ပြင်သင်တန်း ၂၂ ပတ်

၀န်ဆောင်မှု ရရှိနိုင်မည့် နေရာများ (သင်တန်းကျောင်းဆိုင်ရာအချက်များ)

စဉ်

ပြည်နယ်/တိုင်းဒေသကြီး

မြို့နယ်

ဖုန်းနံပါတ်

ကရင်ပြည်နယ်

ဘားအံ

၀၉-၉၅၈၉၈၅၁၅၃

ရခိုင်ပြည်နယ်

ကျောက်ဖြူ

၀၉-၄၂၁၇၅၅၂၀၄

 

ပုဏ္ဏားကျွန်း

၀၉-၄၄၂၈၂၈၁၅၀

ရှမ်းပြည်နယ်

လောက်ကိုင်

၀၉-၄၀၃၇၂၉၆၉၃

 

ကွတ်ခိုင်

၀၉-၂၅၆၅၀၆၀၅၀

 

အောင်ပန်း

၀၉-၂၅၆၁၃၆၆၇၄

 

လားရှိုး

၀၉-၄၀၃၇၄၀၀၈၃

တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်

၀၉-၂၅၀၆၀၂၉၈၈

ဧရာဝတီတိုင်းဒေသကြီး

လပွတ္တာ

၀၉-၄၄၄၀၀၆၁၈၄

 

Website လိပ်စာ

www.moba.gov.mm



မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၁ ခု ဆက်လက်ကြည့်ရှုရန်

ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်း

စက်မှုဝန်ကြီးဌာန / June 12, 2022

Rating
HOT NEWS
January 4,