Ministry of Energy
- Ministry of National Planning
- Ministry (1) of the President’s Office
- Ministry (2) of the President’s Office
- Ministry (3) of the President’s Office
- Ministry (4) of the President’s Office
- Ministry of Transport and Communications
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of Finance and Revenue
- Ministry of Border Affairs
- Ministry of Ethnic Affairs
- Ministry of Investment and Foreign Economic Relations
- Ministry of Legal Affairs
- Ministry of Information
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power
- Ministry of Energy
- Ministry of Industry
- Ministry of Immigration & Population
- Ministry of Labour
- Ministry of Commerce
- Ministry of Education
- Ministry of Science and Technology
- Ministry of Sports and Youth Affairs
- Ministry of Hotel & Tourism
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
နိဒါန်း
၁။ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေး၊ လှုမှူရေး ဘက်စုံဖွံ့ဖြိုးလာသည်နှင့်အမျှ စွမ်းအင် လိုအပ်ချက်သည်လည်း အရှိန်အဟုန်ဖြင့် တိုးမြင့်လာမည်ဖြစ်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် စီးပွားရေးဦးမော့လာ စေရန် ဆောင်ရွက်မှုများကြောင့် စွမ်းအင်မှာ မရှိမဖြစ် လိုအပ်သောအရာတစ်ခုအဖြစ် ရောက်ရှိလာပါသည်။
၂။ အလားတူ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်၏စီးပွားရေးမူဝါဒ ပြောင်းလဲ ဆောင်ရွက် မှုကြောင့် ရင်းနီးမြှုပ်နှံမှု အသစ်များပေါ်ပေါက်လာပြီး၊ တည်ဆောက်ရေး လုပ်ငန်းများ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာပါသဖြင့် စွမ်းအင်လိုအပ်ချက် မှာလည်း တစ်ဟုန်တိုးတိုးတက်လာခဲ့ပါသည်။
မြန်မာ့ရေနံသမိုင်း
၃။ ရေနံလုပ်ငန်းများကို ရှေးယခင်ကတည်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၁၈၈၆ ခုနှစ် ကိုလိုနီခေတ်နှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ဘီအိုစီကုမ္ပဏီလီမိတက်(The Burmah Oil Co.,Ltd)မှ ဆောင်ရွက်ခဲ့ပါသည်။
၄။ နိုင်ငံတော်ပိုင်ရေနံလုပ်ငန်းများကို မြန်မာနိုင်ငံတော်အစိုးရမှ အပြီးအပိုင် လွှဲပြောင်း ဝယ်ယူ၍ ၁၉၆၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် ပြည့်သူ့ရေနံလုပ်ငန်း အမည်ဖြင့် သတ္တုတွင်းဝန်ကြီးဌာန လက်အောက်တွင် ဆောင်ရွက်ခဲ့ပြီး၊ သတ္တုတွင်းဝန်ကြီးဌာန၏ ၂၈.၂.၁၉၇၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁/၇၀)ဖြင့် မြန်မာ့ရေနံကော်ပိုရေးရှင်း ဟု အမည်ပြင်ဆင်ပြောင်းလဲ ခဲ့ပါသည်။
၅။ မြန်မာ့ရေနံကော်ပိုရေးရှင်းသည် ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်းနှင့် ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာ ၂၈-၂-၁၉၇၅ ရက်နေ့တွင် ကျင်းပခဲ့သော နိုင်ငံတော်ကောင်စီ၏ ၂၆ ကြိမ်မြောက်အစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက်အရ ရေနံချက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ရေနံချက် စက်ရုံများနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများကို ၁-၄-၁၉၇၅ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်း ပေးခဲ့ပြီး၊ ဝန်ကြီးဌာန၏ ၂၉-၇-၁၉၇၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/၇၇)အရ မြန်မာ့ရေနံကော်ပိုရေးရှင်းကိုပါ ၁-၈-၁၉၇၇ ရက်နေ့မှစ၍ စက်မှုဝန်ကြီးလက်အောက်သို့ လွှဲပြောင်းပေးခဲ့ပါသဖြင့် အောက်ပါအဖွဲ့အစည်း (၃)ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်-
(က) မြန်မာ့ရေနံကော်ပိုရေးရှင်း
(ခ) ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း
(ဂ) ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း
၆။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီ၏ ၁၂-၄-၁၉၈၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၁/၈၂) နှင့် အစိုးရအဖွဲ့၏ ၁၂-၄-၁၉၈၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅/၈၅) များအရ စွမ်းအင်ဝန်ကြီးဌာန ကို အောက်ပါ အဖွဲ့အစည်းများဖြင့် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်-
(က) ဝန်ကြီးရုံး(အသစ်ဖွဲ့စည်းခြင်း)
(ခ) စွမ်းအင်စီမံရေးဦးစီးဌာန(အသစ်ဖွဲ့စည်းခြင်း)
(ဂ) မြန်မာ့ရေနံကော်ပိုရေးရှင်း
(ဃ) ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း
(င) ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း
(စ) လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း
၇။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၃၁-၃-၁၉၈၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂/၈၉) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အမည်များကို ပြောင်းလဲခေါ်ဝေါ်ရန် သတ်မှတ်ခဲ့သဖြင့် စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိကော်ပိုရေးရှင်း ၄ ခုကို အောက်ပါ အတိုင်း ပြင်ဆင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်-
(က) ဝန်ကြီးရုံး
(ခ) စွမ်းအင်စီမံရေးဦးစီးဌာန
(ဂ) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း
(ဃ) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
(င) ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
(စ) မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း
၈။ ပြည်ထောင်စုမြန်မာ့နိုင်ငံတော်အစိုးရအဖွဲ့၏ ၁၆-၁၁-၁၉၉၇ ရက်စွဲပါစာအမှတ်၊ ၄၀/၉၇ အဖရ ၉၇ (၃) အရ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းသွားခဲ့ပါသဖြင့်၊ စွမ်းအင်ဝန်ကြီးဌာန ကို အောက်ပါအဖွဲ့ အစည်းများဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီအစိုးရလက်ထက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် စွမ်းအင် ဝန်ကြီးဌာန ကို ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်-
(က) ဝန်ကြီးရုံး
(ခ) စွမ်းအင်စီမံရေးဦးစီးဌာန
(ဂ) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း
(ဃ) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
(င) မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
၉။ နိုင်ငံတော်၏ ပြောင်းလဲကျင့်သုံးခဲ့သော မူဝါဒအရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၁၅-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)မှ သဘောတူခွင့်ပြုချက်အရ စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ကြီးရုံးနှင့် စွမ်းအင်စီမံရေးဦးစီးဌာန တို့ကိုပေါင်းစပ်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ အမြဲတမ်းအတွင်းဝန်ရုံး အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သဖြင့် အောက်ပါအဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-
(က) အမြဲတမ်းအတွင်းဝန်ရုံး
(ခ) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း
(ဂ) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
(ဃ) မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
၁၀။ ၂၀၁၆ ခုနှစ်တွင် အစိုးရအသစ်တက်လာချိန်၌ သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာန အရေအတွက်ကို လျှော့ချဖွဲ့စည်းခဲ့ရာ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့အား တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပေါင်းစပ်ညှိနှိုင်းမှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီး ဌာနတို့ ကို ပူးပေါင်းကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဝန်ကြီးဌာနများ လျှော့ချဖွဲ့စည်းမှုအရ ၁-၄-၂၀၁၆ ရက်နေ့၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကို အောက်ပါ အဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
(ခ) လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန
(ဂ) လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန
(ဃ) ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
(င) လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း
(စ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
(ဆ) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း
(ဇ) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
(ဈ) မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
(ည) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
(ဋ) မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
၁၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုး တိုးတက်ရေး အလေးထား ဆောင်ရွက်ရန် ၉-၆-၂၀၁၆ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့အစည်း အမှတ်စဉ် (၅/၂၀၁၆) မှ သဘောတူခွင့်ပြုချက်အရ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန ကို အသစ်ဖွဲ့စည်းခဲ့ပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
(ခ) လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန
(ဂ) ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(အသစ်ဖွဲစည်း)
(ဃ) လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန
(င) ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
(စ) လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း
(ဆ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
(ဇ) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း
(ဈ) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
(ည) မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
(ဋ) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
(ဌ) မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
၁၂။ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်း မှ ချက်လုပ်တင်သွင်းသည့် စက်သုံးဆီများကို နိုင်ငံပိုင်ကဏ္ဍသို့ ဖြန့်ဖြူးရောင်းချပေး ခဲ့ရာမှ ၂၀၁၀ ခုနှစ်၊ ဇွန်လမှစ၍ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်များကို ပုဂ္ဂလိကသို့ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် လွှဲပြောင်းရောင်းချပေးခဲ့ပြီးနောက် ၁၄-၅-၂၀၂၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အမှတ်စဉ်(၉/၂၀၂၀)မှ သဘောတူခွင့်ပြုချက်အရ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
(ခ) လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန
(ဂ) ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန(အသစ်ဖွဲစည်း)
(ဃ) လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန
(င) ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
(စ) ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (ပြင်ဆင်ဖွဲ့စည်း)
(ဆ) လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း
(ဇ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
(ဈ) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း
(ည) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
(ဋ) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
(ဌ) မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
၁၃။ ၁-၂-၂၀၂၁ ရက်နေ့နောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
၁၄။ ၂-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ် (၃၃/၂၀၂၂)ဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် စွမ်းအင်ဝန်ကြီးဌာန ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၂၉-၅-၂၀၂၂ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)မှ သဘောတူခွင့်ပြုချက် အရ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ဖွဲ့စည်းပုံကို သတ်မှတ်ဖွဲ့စည်းပုံအတိုင်း အရာထမ်း ၅၇ နေရာ၊ အမှုထမ်း ၁၂၅ နေရာ စုစုပေါင်း ၁၈၂ နေရာဖြင့် ဖွဲ့စည်းခဲ့သဖြင့် စွမ်းအင်ဝန်ကြီးဌာနတွင် အောက်ပါအဖွဲ့အစည်း များဖြင့် ဖွဲ့စည်းပုံခွင့်ပြု အရာထမ်း ၁၉၀၂ နေရာ၊ အမှုထမ်း ၂၃၁၈၁ နေရာ စုစုပေါင်း ၂၆၀၈၃ နေရာတို့ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
(ခ) ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန
(ဂ) ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
(ဃ) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း
(ဃ) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
၁၅။ စွမ်းအင်ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တာဝန် ထမ်းဆောင် သူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်ထောင်စုဝန်ကြီးများ
စဉ် အမည် တာဝန်ထမ်းဆောင်သည့်ကာလ
(၁) ဗိုလ်မှူးကြီးမောင်ချို ၁၂-၄-၁၉၈၅ ၄-၁၁-၁၉၈၅
(၂) ဦးစိန်ထွန်း ၅-၁၁-၁၉၈၅ ၁၈-၉-၁၉၈၈
(၃) ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် ၂၀-၉-၁၉၈၈ ၂၈-၁-၁၉၉၂
(၄) ဦးခင်မောင်သိန်း ၂၉-၁-၁၉၉၂ ၁၉-၁၂-၁၉၉၇
(၅) ဗိုလ်မှူးချုပ်လွန်းသီ ၂၀-၁၂-၁၉၉၇ ၃၀-၃-၂၀၁၁
(၆) ဦးသန်းဌေး ၃၁-၃-၂၀၁၁ ၂၉-၇-၂၀၁၃
(၇) ဦးဇေယျာအောင် ၂၉-၇-၂၀၁၃ ၃၀-၃-၂၀၁၆
(၈) ဒေါ်အောင်ဆန်းစုကြည် ၃၁-၃-၂၀၁၆ ၄-၄-၂၀၁၆
(၉) ဦးဖေဇင်ထွန်း ၅-၄-၂၀၁၆ ၃၁-၇-၂၀၁၇
(၁၀) ဦးဝင်းခိုင် ၁-၈-၂၀၁၇ ၃၁-၁-၂၀၂၁
(၁၁) ဦးအောင်သန်းဦး ၈-၂-၂၀၂၁ ၂-၅-၂၀၂၂
(၁၂) ဦးသောင်းဟန် ၃-၅-၂၀၂၂ ၅-၈-၂၀၂၂
(၁၃) ဦးမျိုးမြင့်ဦး ၆-၈-၂၀၂၂ ၁-၈-၂၀၂၃
(၁၄) ဦးကိုကိုလွင် ၂-၈-၂၀၂၃ ယနေ့ထိ
(ခ) ဒုတိယဝန်ကြီးများ
စဉ် အမည် တာဝန်ထမ်းဆောင်သည့်ကာလ
(၁) ဦးသန်းညွှန့် ၅-၁၁-၁၉၈၅ ၁၈-၉-၁၉၈၈
(၂) ဦးတင်ထွန်း ၂၉-၁-၁၉၉၂ ၂၅-၈-၂၀၀၃
(၃) ဗိုလ်မှူးချုပ်သိန်းအောင် ၁၇-၁၁-၁၉၉၇၂၃-၈-၂၀၀၃
(၄) ဗိုလ်မှူးချုပ်သန်းဌေး ၂၅-၈-၂၀၀၃ ၂၉-၃-၂၀၁၁
(၅) ဦးစိုးအောင် ၃၀-၃-၂၀၁၁ ၅-၆-၂၀၁၂
(၆) ဦးထင်အောင် ၂၇-၈-၂၀၁၂ ၂၉-၇-၂၀၁၃
(၇) ဦးအောင်ထူး ၆-၂-၂၀၁၃ ၃၀-၃-၂၀၁၆
(၈) ဦးမြင့်ဇော် ၈-၈-၂၀၁၃ ၃၀-၃-၂၀၁၆
(၉) ဒေါက်တာထွန်းနိုင် ၁၂-၉-၂၀၁၆ ၃၁-၁-၂၀၂၁
(၁၀) ဦးခင်မောင်ဝင်း ၃၁၁၀-၂၀၁၉ ၃၁-၁-၂၀၂၁
(၁၁) ဦးသန့်စင် ၁၁-၃-၂၀၂၁ ယနေ့ထိ
မြန်မာ့ရေနံသမိုင်းကြောင်း
- ၁၈၇၁ ခုနှစ်မှစ၍ Rangoon Oil Co., ကို အင်္ဂလန်နိုင်ငံ၊ ဂလပ်စကိုမြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့ ဓနိတောအရပ်၌ ရေနံချက်စက်ရုံတည်၍ ရေနံချောင်းနှင့် ချောက်မှ ရေနံစိမ်း ဝယ်ယူချက်လုပ်ခဲ့
- ၁၈၈၀ ခုနှစ်တွင် Australian Oil Co., နှင့် Boraonga Oil Co., တို့မှ ရခိုင် ဖရုံကာကျွန်း၊ မင်းပြင်၊ ရေနံတောင်၊ လေးတောင် ရေနံမြေများတွင် ရေနံတွင်းများ တူးဖော်ခဲ့
- အင်္ဂလိပ်လက်အောက် ၁၈၈၆ ခုနှစ်တွင် Burma Oil Co., (BOC) မှ ရေနံချောင်း၊ ချောက် မိုလာလမ်းရွာ၊ ရေနံချပ်၊ ရွှေလင်ပန်း(မင်းဘူး) တို့တွင် ရေနံရှာဖွေတူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့
- ဒုတိယကမ္ဘာစစ်မတိုင်မှီ (၁၈၇၁ မှ ၁၉၄၂ အထိ) ကုမ္ပဏီပေါင်း ၃၇ ခုမှ မြန်မာ့ရေနံလုပ်ငန်းကို ဆောင်ရွက်ခဲ့
- ၁-၁-၁၉၅၄ တွင် BOC ကို Burma Oil Co., (1954) Ltd ဟု မြန်မာအစိုးရ + BOC+ IBP (Indo-Burma Petroleum Co;) + BBPC (British Burma Petroleum Co.,)များ ပူးပေါင်း၍ ပြောင်းလဲဖွဲ့စည်းခဲ့
- ၁-၁-၁၉၆၃ တွင် မြန်မာအစိုးရ BOC ၏ ရှယ်ယာများအားလုံးကို ဝယ်ယူခဲ့ပြီး POI (People’s Oil Industry - ပြည်သူ့ရေနံလုပ်ငန်း)ဟု ပြောင်းလဲဖွဲ့စည်းခဲ့
- ၂-၄-၁၉၇၀ တွင် POI ကို MOC (Myanma Oil Corporation - မြန်မာ့ကော်ပိုရေးရှင်း)ဟု ပြောင်းလဲဖွဲ့စည်းခဲ့
- ၃၁-၁-၁၉၈၉ တွင် MOC ကို MOGE (Myanma Oil & Gas Enterprise - မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ဟု ပြောင်းလဲဖွဲ့စည်းခဲ့
ဆက်သွယ်ရန်လိပ်စာ
ဥတ္တရသီရိမြို့နယ်၊ နေပြည်တော် ၊ မြန်မာ။
www.energy.gov.mm