Ministry of Sports and Youth Affairs
- Ministry of Defense
- Ministry of Home Affairs
- Ministry of Transport and Communications
- Ministry of Planning and Finance
- Ministry of Foreign Affairs
- Ministry of Union Government Office
- Ministry of Border Affairs
- Ministry of Investment and Foreign Economic Relations
- Ministry of International Cooperation
- Ministry of Legal Affairs
- Ministry of Information
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock and Irrigation
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power
- Ministry of Energy
- Ministry of Industry
- Ministry of Immigration & Population
- Ministry of Labour
- Ministry of Commerce
- Ministry of Education
- Ministry of Science and Technology
- Ministry of Sports and Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotel & Tourism
- Ministry of Ethnic Affairs
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
မြန်မာ့အားကစားသမိုင်းနှင့် ဝန်ကြီးဌာန သမိုင်းအကျဉ်း
(၁) BURMA ATHLETIC ASSOCIATION – (B.A.A) ကာလ ((၂၀) ရာစုအဝင်မှ ၁၉၄၁ ခုနှစ်အထိ)
(၂၀) ရာစုအဝင်မှ ၁၉၄၁ ခုနှစ်အထိ ရန်ကုန်မြို့တွင် (BURMA ATHLETIC ASSOCIATION) နှင့် မန္တလေးမြို့တွင် (UPPER BURMA ATHLETIC ASSOCIATION) တို့က ဦးဆောင်၍ အားကစားလုပ်ငန်း များဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ်၊ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင်ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲတွင် အလေးမ အားကစားသမား ဦးဇော်ဝိတ်နှင့် နည်းပြ ဦးရှိန်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
(၂) အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (NATIONAL FITNESS COUNCIL) မပေါ်မီကာလ (သို့) (BURMA OLYMPIC ASSOCIATION) ကာလ (ဒုတိယကမ္ဘာစစ်ပြီးချိန်မှ ၁၉၅၀ ပြည့်နှစ် အစပိုင်းအထိ)
(၂၆.၁၁.၁၉၄၆) ရက်နေ့တွင် မြန်မာပြည်အိုလံပစ်အသင်း (BURMA OLYMPIC ASSOCIATION) (B.O.A)ကို ဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံ (SIR HUBERT RANCE) ၊ ဥက္ကဌအဖြစ် ဆာဂျေအေမောင်ကြီး၊ ဒုတိယဥက္ကဌအဖြစ် ဦးရာဇတ်တို့ ဆောင်ရွက်ခဲ့သည်။ (၉.၇.၁၉၄၇) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် တရားဝင် ဆက်သွယ်ခဲ့ပြီး ၁၉၄၈ ခုနှစ် ၊ (၁၄) ကြိမ်မြောက် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအဖြစ် စတင်ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။
(၃) အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (NATIONAL FITNESS COUNCIL) (၁၉၅၀ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ)
(၉.၁၀.၁၉၅၀)ရက်နေ့တွင် ဥပဒေနှင့်အညီ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (NATIONAL FITNESS COUNCIL)(NFC)ကို အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကျန်းမာရေးဝန်ကြီးက တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ “တစ်မျိုးသားလုံး၏ ကျန်းမာရေးနှင့် လူငယ်တို့၏ ကိုယ်လက် ကြံ့ခိုင်ရေး'' ကို အထူးဂရုပြု ဆောင်ရွက်ရန်ဖြစ်ပါသည်။ တစ်နိုင်ငံလုံးတွင် (DISTRICT COUNCIL) များဖွဲ့စည်း၍ ခရိုင်စည်းရုံးရေးမှူးများ ခန့်အပ်တာဝန်ပေးပြီး အားကစားလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၁၉၅၂ ခုနှစ် မှ စတင်၍ ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။ အပြည်ပြည် ဆိုင်ရာပြိုင်ပွဲများအနေဖြင့် ၁၉၅၉ ခုနှစ်၊ ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှ စတင်၍ ယခု ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို မပျက်မကွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
အိမ်ရှင်အဖြစ် ၁၉၆၁ ခုနှစ် ဒုတိယအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ၊ ၁၉၆၉ ခုနှစ် ပဥ္စမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို တတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံဘောလုံးအသင်းသည် အာရှချန်ပီယံ(၂)ကြိမ်၊ အရှေ့တောင်အာရှချန်ပီယံ(၅)ကြိမ်၊ မာဒေးကားဖလားချန်ပီယံ(၄)ကြိမ်၊ ဂျာကာတာဖလားချန်ပီယံ(၄)ကြိမ်၊ ပတ်ချုံဟီးဖလား ချန်ပီယံ (၃)ကြိမ်၊ မာဟာရာလင်ဖလားချန်ပီယံ(၃)ကြိမ်၊ အာရှလူငယ်ချန်ပီယံ(၈)ကြိမ်အထိ ရရှိခဲ့ပြီး ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာ့ဘောလုံးအသင်းအနေဖြင့် အသန့်ရှင်းဆုံးဆုကိုလည်း ရရှိခဲ့ပါသည်။
(၄) မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ (၁၉၄၆ခုနှစ်မှ ၁၉၇၂ခုနှစ်အထိ)
မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီကို (၂၇.၅.၁၉၆၄)ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီးလှဟန် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် အတွင်းရေးမှူး အဖြစ် ဗိုလ်မှူးကြီးဂွမ်ရှိန် အားကစားနှင့်ကာယပညာကော်မတီရုံး ညွှန်ကြားရေးမှူးချုပ်တို့ တာဝန်ယူ ဆောင်ရွက်ပြီး တစ်နိုင်ငံလုံးတွင် တိုင်း၊ ခရိုင်နှင့် မြို့နယ်ကော်မတီ များဖွဲ့စည်း၍ အားကစားမှူးများ ခန့်အပ်တာဝန်ပေးဆောင်ရွက်ခဲ့ပါသည်။
(၅) အားကစားနှင့်ကာယပညာဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ခြင်း
၁၉၇၂ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်၌ အားကစားနှင့်ကာယပညာဦးစီးဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး (၁.၇.၁၉၉၃) ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှ ဝန်ကြီးချုပ်ရုံး ဝန်ကြီးလက်အောက်သို့ ပြောင်းလဲဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။
(၆) အားကစားဝန်ကြီးဌာန ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ (၁၈.၁၂.၉၆)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၄၀/၉၆)ဖြင့် အားကစားဝန်ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းပေးခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာနကို ဝန်ကြီးချုပ်ရုံးအောက်မှ အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်း လက်ခံ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ (၁၈.၁၂.၁၉၉၆)ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၇/၉၆)ဖြင့် ဗိုလ်မှူးချုပ်စိန်ဝင်းကို အားကစားဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပြီး (၁၈.၁၂.၁၉၉၆ မှ ၂၈.၁၀.၁၉၉၉ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၂၉.၁၀.၁၉၉၉) ရက်စွဲပါ ကြော်ငြာချက်အမှတ် (၃/၉၉)ဖြင့် ဗိုလ်မှူးချုပ် သူရအေးမြင့်အား ပြောင်းလဲခန့်အပ်တာဝန် ပေးခဲ့ပြီး (၂၉.၁၀.၁၉၉၉ မှ ၃၀.၃.၂၀၁၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
- နိုင်ငံတော်သမ္မရုံး၏ (၃၀.၃.၂၀၁၁) ရက်စွဲပါ ကြော်ငြာချက်အမှတ် (၁/၂၀၁၁) ဖြင့် ဦးတင့်ဆန်းအား ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ် တာဝန်ပေးခဲ့ပြီး (၃၀.၃.၂၀၁၁ မှ ၃၀.၃.၂၀၁၆ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
- နိုင်ငံတော်သမ္မတရုံး၏ (၃၁.၃.၂၀၁၁) ရက်စွဲပါ ကြော်ငြာချက်အမှတ် (၁၃/၂၀၁၁)ဖြင့် ဦးအေးမြင့်ကြူအား ဒုတိယဝန်ကြီးအဖြစ် စတင်ခန့်အပ်တာဝန်ပေးခဲ့ပြီး (၃၁.၃.၂၀၁၁ မှ ၇.၉.၂၀၁၂ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
- နိုင်ငံတော်သမ္မတရုံး၏ (၂၇.၈.၂၀၁၀) ရက်စွဲပါ ကြော်ငြာချက်အမှတ် (၂၁/၂၀၁၂)ဖြင့် ဦးသောင်းထိုက်အား ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး (၇.၉.၂၀၁၂ မှ ၃၀.၃.၂၀၁၆ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
- နိုင်ငံတော်သမ္မတရုံး၏ (၂၉.၇.၂၀၁၃) ရက်စွဲပါ ကြော်ငြာချက်အမှတ် (၂၈/၂၀၁၃)ဖြင့် ဦးဇော်ဝင်းအား ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး (၂၉.၇.၂၀၁၃ မှ ၃၀.၃.၂၀၁၆ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
(၇) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
- နိုင်ငံတော်သမ္မရုံး၏ (၃၀.၃.၂၀၁၆)ရက်စွဲပါ ကြော်ငြာချက်အမှတ်(၁/၂၀၁၆)ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်း၍ ဒေါက်တာမြင့်ထွေးအား ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ် တာဝန်ပေးအပ်ခဲ့ပြီး (၃၀.၃.၂၀၁၆ မှ ၃၁.၁.၂၀၂၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
- နိုင်ငံတော်သမ္မတရုံး၏ (၂၅.၅.၂၀၁၆)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၀/၂၀၁၆) ဖြင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး၏ သဘောတူညီချက်အရ ကျန်းမာရေးဝန်ကြီးဌာနကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
- နိုင်ငံတော်သမ္မတရုံး၏ (၂.၇.၂၀၁၈) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၁/၂၀၁၈) ဖြင့် ဒေါက်တာမြလေးစိန်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး (၂.၇.၂၀၁၈ မှ ၃၁.၁.၂၀၂၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ (၁.၂.၂၀၂၁) ရက်စွဲပါ အမိန့်အမှတ် (၆/၂၀၂၁) ဖြင့် ဒေါက်တာသက်ခိုင်ဝင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ပြီး (၁.၂.၂၀၂၁ မှ ၁.၈.၂၀၂၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ (၇.၂.၂၀၂၁) ရက်စွဲပါ အမိန့်အမှတ် (၃၁/၂၀၂၁) ဖြင့် ဦးမျိုးလှိုင်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး (၇.၂.၂၀၂၁ မှ ၄.၈.၂၀၂၁ ထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။
(၈) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁.၈.၂၀၂၁)ရက်စွဲပါ အမိန့်အမှတ် (၁၅၁/၂၀၂၁) အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁.၈.၂၀၂၁)ရက်စွဲပါ အမိန့်အမှတ် (၁၅၇/၂၀၂၁)အရ ဦးမင်းသိန်းဇံကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ပေးခန့်အပ်ခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၄.၈.၂၀၂၁)ရက်စွဲပါ အမိန့်အမှတ်(၁၆၈/၂၀၂၁)ဖြင့် ဦးမျိုးလှိုင်အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန် ပေးခန့်အပ်ခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁၉.၈.၂၀၂၂)ရက်စွဲပါ အမိန့်အမှတ်(၅၇/၂၀၂၂)ဖြင့် ဒေါက်တာစိုးဝင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်ခဲ့ပါသည်။
- အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအား အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်-
(က) ဝန်ကြီးရုံး
(ခ) အားကစားနှင့်ကာယပညာဦးစီးဌာန
(ဂ) လူငယ်ရေးရာဦးစီးဌာန
(၉) တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီး/ပြည်ထောင်စုဝန်ကြီးများ
၁။ ဗိုလ်မှူးချုပ်စိန်ဝင်း (၁၈-၂-၁၉၉၆ မှ ၂၈-၁၀-၁၉၉၉ ထိ)
၂။ ဗိုလ်မှူးချုပ်သူရအေးမြင့် (၂၉-၁၀-၁၉၉၉ မှ ၃၀-၃-၂၀၁၁ ထိ)
၃။ ဦးတင့်ဆန်း (၃၀-၃-၂၀၁၁ မှ ၃၀-၃-၂၀၁၆ ထိ)
၄။ ဒေါက်တာမြင့်ထွေး (၃၀-၃-၂၀၁၆ မှ ၃၁-၁-၂၀၂၁ ထိ)
၅။ ဒေါက်တာသက်ခိုင်ဝင်း (၁-၂-၂၀၂၁ မှ ၁-၈-၂၀၂၁ ထိ)
၆။ ဦးမင်းသိန်းဇံ (၁-၈-၂၀၂၁ မှ ယနေ့အထိ)
(၁၀) တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဒုတိယဝန်ကြီးများ
၁။ ဦးအေးမြင့်ကြူ (၃၀-၃-၂၀၁၁ မှ ၆-၉-၂၀၁၂ ထိ)
၂။ ဦးသောင်းထိုက် (၇-၉-၂၀၁၂ မှ ၃၀-၃-၂၀၁၆ ထိ)
၃။ ဦးဇော်ဝင်း (၂၉-၇-၂၀၁၃ မှ ၃၀-၃-၂၀၁၆ ထိ)
၄။ ဒေါက်တာမြလေးစိန် (၂-၇-၂၀၁၈ မှ ၃၁-၁-၂၀၂၁ ထိ)
၅။ ဦးမျိုးလှိုင် (၇-၂-၂၀၂၁ မှ ယနေ့အထိ)
၆။ ဒေါက်တာစိုးဝင်း (၁၉-၈-၂၀၂၂ မှ ယနေ့အထိ)
(၁၁) အားကစားနှင့်ကာယပညာဦးစီးဌာနတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ညွှန်ကြားရေးမှူးချုပ်များ
၁။ ဦးမောင်မောင်ကလေး (၁၉၅၁ မှ ၁၉၅၃ ထိ)
၂။ ဦးဇော်ဝိတ် (၁၉၅၃ မှ ၁၉၆၄ ထိ)
၃။ ဗိုလ်မှူးကြီးဂွမ်ရှိန် (၁၉၆၄ မှ ၁၉၇၈ ထိ)
၄။ ဗိုလ်မှူးကြီးထွန်းငြိမ်း (၁၉၇၈ မှ ၁၉၈၁ ထိ)
၅။ ဗိုလ်မှူးကြီးကျော်စိန်ထွန်း (၁၉၈၁ မှ ၁၉၈၄ ထိ)
၆။ ဗိုလ်မှူးကြီးအောင်ဒင် (၁၉၈၄ မှ ၁၉၉၂ ထိ)
၇။ ဗိုလ်မှူးကြီးမြင့်ထွန်း (၁၉၉၂ မှ ၁၉၉၄ ထိ)
၈။ ဗိုလ်မှူးကြီးထွန်းစိန် (၁၉၉၄ မှ ၁၉၉၆ ထိ)
၉။ ဗိုလ်မှူးကြီးလှမြင့်ကျော် (၁၉၉၆ မှ ၁၉၉၉ ထိ)
၁၀။ ဦးသောင်းထိုက် (၁၉၉၉ မှ ၂၀၁၂ ထိ)
၁၁။ ဦးမျိုးလှိုင် (၂၀၁၂ မှ ၂၀၂၁ ထိ)
၁၂။ ဦးထွန်းမြင့်ဦး (၂၀၂၁ မှ ယနေ့အထိ)
(၁၂) လူငယ်ရေးရာဦးစီးဌာနတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ညွှန်ကြားရေးမှူးချုပ်များ
၁။ ဦးနေဝင်း (၂၀၂၂ မှ ယနေ့အထိ)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ မူဝါဒများ
(၁) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊
(၂) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှားရန်၊ (Mass Sport)
(၃) နိုင်ငံတကာအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား လူရည်ချွန်များ မွေးထုတ်ရန်၊ (Excellent Sport)
(၄) အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှု ရရှိစေရန်။
(၅) လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးရန်၊
(၆) လူငယ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင် ဆောင်ရွက်မှုကို အားပေးရန်၊
(၇) လူငယ်များကို ခေါင်းဆောင်မှုအရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊
(၈) လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရန်၊
(၉) နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် လူငယ်များကအဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လာနိုင်စေရန်၊
(၁၀) ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှု အရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက် သော နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းစေရန်၊
(၁၁) အနုပညာ၊ အားကစားလှုပ်ရှားမှုများ အပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံသင်ယူနိုင်မည့် လူငယ်စင်တာများ ထူထောင်ပေးရန်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များ
(၁) တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည် ဖော်ရန်၊
(၂) မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် တစ်နိုင်ငံလုံးမှ ပါဝင်လှုပ်ရှားပြီး တက်ကြွစွာ အားပေးချီးမြှောက်မှုများ ပြုလုပ်လာစေရန်၊
(၃) ခေတ်မီအားကစားတက္ကသိုလ်၊ အားကစားနှင့်ကာယပညာသိပ္ပံများ ဖွင့်လှစ်နိုင်ရန်နှင့် အားကစားနည်းအမျိုးအစားအလိုက် သင်တန်းများ ဖွင့်လှစ်နိုင်ရန်၊
(၄) တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ပြုလုပ်နိုင်ရန်နှင့် လူထုအားကစားလှုပ်ရှားမှုများဆောင်ရွက်မှု တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(၅) နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်များကို တည်ဆောက်ရေးနှင့် ရေရှည်အသုံးပြုနိုင်အောင် ထိန်းသိမ်းပြုပြင် ဆောင်ရွက်ရန်၊
(၆) နိုင်ငံတကာအဆင့်မီ အားကစားပစ္စည်းများ၊ ဝတ်စုံများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်အောင် ပြည်တွင်းတွင် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်၊
(၇) တိုးတက်ပြောင်းလဲနေသော ခေတ်မီအားကစားနည်းစနစ်သစ်များကို ကျင့်သုံး၍ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊
(၈) နိုင်ငံ၏ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန်၊
(၉) လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓါတ် ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊
(၁၀) လူငယ်များအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင်လို စိတ်များ တိုးပွားလာစေရန်၊
(၁၁) လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေး စသည့်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်စေရန်၊
(၁၂) မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်း လူငယ်များဘဝ မြှင့်တင် ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန်၊
(၁၃) လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန်၊
(၁၄) နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်စေရန်။
Website လိပ်စာ