သတင်း

၁၇၀၃၂ နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ World Bank အဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်၊ သယ်ယူပို့ဆောင်ရန်နှင့် ဖြန့်ဖြူးထိုးနှံရန် ကိစ္စရပ်များအတွက် ချေးငွေထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 03, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်နှင့် ဖြန့်ဖြူးထိုးနှံရန် ကိစ္စရပ်များအတွက် ချေးငွေထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထံ World Bank အဖွဲ့က ဗီဒီယိုကွန်ဖရင့်စနစ် တင်ပြဆွေးနွေးသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း (JICA Two Step Loan) Phase II ချေးငွေ ရရှိရေးဆိုင်ရာများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 03, 2020

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေး အကောင်အထည်ဖော် စီမံကိန်း (JICA, Two Step Loan) ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် 6th India- CLMV Business Conclave 2020 သို့ တက်ရောက်အမှာစကားပြောကြား

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 03, 2020

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် Confederation of Indian Industry (CII) တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၃ ရက်မှ ၄ ရက်အထိ ကျင်းပသည့် 6th India- CLMV Business Conclave 2020 ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 03, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မကာအိုဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၈)ဦးအား ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်သည့် တတိယကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 03, 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 03, 2020

၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ Video Conferencing စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြား

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 03, 2020

၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Video Conferencing စနစ်ဖြင့် တက်ရောက် အမှာစကား ပြောကြားသည်။

(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 03, 2020

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်း အနားအား Social distancing နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ဦးစီးဆောင်ရွက်သည့် UNESCO သို့တင်သွင်းမည့် ကရင်ရိုးရာဒုံးအကနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 03, 2020

ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင် ဦးစီးဆောင်ရွက်လျက်ရှိရာ