သတင်း

နောက်ဆုံးရသတင်းများ - ၉၃၆၇၉ ခု

Image
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 05, 2025

ပြည်ထောင်စုနယ်မြေနေပြည်တော် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

Image
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 05, 2025

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းပျက်စီးနေရာများအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ ၍ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Image
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ-၂၀၂၅ ဒုတိယနေ့ တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 05, 2025

နိုင်ငံတကာမူပိုင်ခွင့် ညီလာခံ-၂၀၂၅ ဒုတိယနေ့ အခမ်းအနားများကို ယနေ့တွင် နေပြည်တော် Jasmine Naypyitaw Hotel ရှိ ဒုဋ္ဌဝတီခန်းမ၊ ကစ္ဆပနဒီခန်းမနှင့် ဧရာဝတီခန်းမတို့၌ ဆက်လက်ကျင်းပရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီး ဦးမင်းမင်းတို့ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပမှ မူပိုင်ခွင့်ကျွမ်းကျင်သူပညာရှင်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ပါရဂူကျမ်းပြုကျောင်းသား ကျောင်းသူများ၊ ဥပဒေအကျိုးဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပ မူပိုင်ခွင့်ပညာရှင်များနှင့် စာတမ်းရှင်များ တက်ရောက်ကြသည်။

Image
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 05, 2025

ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၂၅ ခုမှ ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်း ၄၉၉ ခန်းအတွက် အခြေခံလိုအပ်သည့် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ခြောက်မျိုးထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဦးဆောင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

Image
မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 05, 2025

အစဉ်အလာကြီးမားသော မန္တလေးတက္ကသိုလ်ကြီး၏ နှစ် ၁၀၀ ပြည့်မြောက်ခဲ့သည့် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV Auditorium) ခန်းမ၌ ကျင်းပသည်။

Image
လယ်ယာစက်မှုဌာနအဆောက်အအုံ (ရာပြည့်အဆောက်အအုံ) အား ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 05, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းသို့သွားရောက်၍ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာစက်မှုဌာန အဆောက်အအုံ (ရာပြည့်အဆောက်အအုံ) ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်ကြည့်ရှုစစ်ဆေးသည်။

Image
သမဝါယမနည်းလမ်းဖြင့် နိုင်ငံ့စီးပွားတွင် တစ်တပ်တစ်အားပါဝင်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 05, 2025

မြန်မာမှုနယ်ပယ်တွင် “တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏” ဟူသော ဆိုရိုးရှိသည်။ ရပ်ရေး၊ ရွာရေး၊ လူမှုရေးတို့တွင် စုပေါင်းလုပ်ကိုင်ခြင်း၊ တစ်ဦး တစ်ယောက်လိုအပ်နေချိန်တွင် အများက စုပေါင်းကူညီခြင်းဓလေ့တို့ ကျေးလက်ဒေသအများအပြားတွင် ယနေ့တိုင်ရှိနေသည်။ သို့ဖြစ်ရာ “အများအကျိုးကို တစ်ဦးစီကဆောင်ရွက်ပြီး တစ်ဦးစီအတွက် အများကဆောင်ရွက်” ရသည့် သမဝါယမစနစ်သည် မြန်မာတို့နှင့် ကိုက်ညီသောစနစ်ဖြစ်သည်။

Image
အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေး အနီရောင်အဆင့် (ပြိုကျ/ဖြိုဖျက်) နိုင်ငံတော်ပိုင်ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများဖျက်သိမ်းခြင်း ဆောင်ရွက်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 05, 2025

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်ပိုင်ရုံးအဆောက်အအုံများနှင့် နိုင်ငံတော်ပိုင်ဝန်ထမ်းအိမ်ရာများသို့သွားရောက်၍ အဆောက်အအုံများ ဖြိုချဖျက်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

Image
(၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး၊ စစ်ဦးစီးအရာရှိချုပ်နှင့် အမျိုးသားကာကွယ်မှုလေ့လာရေးတက္ကသိုလ် ကျောင်းအုပ်ကြီးတို့အားတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 04, 2025

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် ထိုင်း - မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ချင်းမိုင်မြို့ရှိ Green Lake Resort ၌ ပြုလုပ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Kittipong Jamsuwan နှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။

Image
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 04, 2025

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။