သတင်း

၁၃၀၄၄ နောက်ဆုံးရသတင်းများ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ခမောက်ကြီးမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့သို့ ယမန်နေ့မွန်းလွဲပိုင်းက ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်စိုက်ပျိုး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမာ္ဘ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရုံးဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ဆက်စပ်လျက်ရှိသော ဦးစီးဌာနများမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လယ်ယာကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးလုပ်ငန်းများကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောစံ၊ ခရိုင် ဦးစီးမှူး ဦးသောင်းမြင့်၊ ခရိုင်တာဝန်ခံအင်ဂျင်နီယာ ဦးနျားရယ်၊ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့်လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီများမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအတွက် အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ကယား ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယမန်နေ့ နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊

ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများအား ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များ၊ အဖွဲ့အစည်းအသီးသီးမှ လှူဒါန်းမှုများအား မြို့နယ်/ကျေးရွာ အသီးသီးသို့ ဖြန့်ဝေဆောင်ရွက်လျက်ရှိရာ ကယား ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူ၍ Save the Children မှ ဖရူဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၃၀) သို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့ ညနေ (၃)နာရီအချိန် တွင် ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာမြေရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစို့

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ  ထင်ရှားသည့် အထိမ်းအမှတ်နေ့ တစ်နေ့ဖြစ်ပြီး ၁၉၇၄ ခုနှစ်မှစတင်ကာ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ရောက်တိုင်း  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့  အထိမ်းအမှတ်ပွဲများကျင်းပ၍  ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို  ပိုမိုအာရုံစိုက်အလေးထားလာစေရန် နိုင်ငံအသီးသီးက  ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ  “တို့ကမ္ဘာမြေ  ရေရှည်တည်တံ့စေဖို့၊  ဇီဝ မျိုးစုံမျိုးကွဲများနှင့်  သဘာဝ ပတ်ဝန်းကျင် တို့ကို  အချိန်မီ ထိန်းသိမ်းကြစို့” ဖြစ်သည်။

ငွေကြေးအခက်အခဲရှိလို့ မျှော်လင့်တဲ့အချိန်မှာ ချေးငွေရတယ်ဆိုတော့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ ချေးငွေရမယ်ဆိုတော့ ကျေးဇူးတင်ပါတယ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေး ထိခိုက်မှုများ ရှိခဲ့သည့်နည်းတူ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ထိခိုက်မှုများ ရှိခဲ့သည်။ ထို့ကြောင့် စီးပွားရေးထိခိုက်မှုများကို တစ်ဖက် တစ်လမ်းမှ ကူညီနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ကုမ္ပဏီ၊ လုပ်ငန်းများ အတွက် လတ်တလောဖြစ်ပေါ်နေသည့် ငွေကြေးအခက်အခဲများကို အထောက်အကူပြုနိုင်ရန်အတွက် ချေးငွေများကို စိစစ်ပြီးထုတ်ပေးလျက်ရှိရာ ငါးကြိမ်ရှိပြီ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွင်း e-Commerce Guidelines ထုတ်ပြန်သွားမည်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် e-Commerce Virtual Conference ကို ၂၀၂၀ ပြည့်နှစ် မေ ၂၈ ရက်က ကျင်းပခဲ့သည်။

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူနိုင်ငံသားများခင်ဗျား-

မောင်တောမြို့နယ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့ ထိတွေ့ မှုဖြစ်ပွား အကြမ်းဖက်အဖွဲ့မှ အလောင်းနှစ်လောင်း၊ သေနတ် နှစ်လက် သိမ်းဆည်းရမိပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 05, 2020

ရခိုင်ပြည်နယ်   မောင်တောမြို့နယ်၌   နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့်   ARSA  အကြမ်းဖက် အဖွဲ့တို့ထိတွေ့မှု ဖြစ်ပွားပြီး  ARSA  အကြမ်းဖက်အဖွဲ့မှ    အလောင်းနှစ် လောင်း၊ သေနတ် နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်းနှင့်  ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။