သတင်း

နောက်ဆုံးရသတင်းများ - ၈၁၄၅၆ ခု

Image
နွားထိုးကြီးမြို့နယ်တွင် ကျေးရွာများမှ အဖိုးတန်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်ယူဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်က ကျေးရွာအတွင်း နေအိမ်များမှပစ္စည်းများနှင့် ကားလမ်းမကြီးတစ်လျှောက်ရှိ ကုန်စုံဆိုင်၊ ဖုန်းဆိုင်များမှပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်ယူဆောင်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

Image
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

Image
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်တွင် ဗီဒီယိုမိန့်ခွန်းပြောကြားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ “ယုံကြည်မှုများတိုးမြှင့်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအတွက် အမျိုးသမီးများကဏ္ဍ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်သို့ ဗီဒီယိုမိန့်ခွန်းပေးပို့ခဲ့ပါသည်။

Image
ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ရေများပြန်လည်ကျဆင်းသွားသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊

Image
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 20, 2024

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Image
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 20, 2024

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Image
နေ့စဉ်မြစ်ရေခန့်မှန်းချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 20, 2024

နေ့စဉ်မြစ်ရေခန့်မှန်းချက်

Image
ဒုတိယဝန်ကြီး ဦးဝင်းရှိန် Knowledge Management and Dedication (KMD) Training Center တွင် IT ပိုင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်လမ်းအမှတ် (၃၃၁) ရှိ Knowledge Management and Dedication (KMD) Training Center ၌ IT ပိုင်းဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

Image
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Image
၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်‌ဆေးပညာ သင်တန်းများ ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာမေးပွဲကျင်းပစစ်ဆေးမည့်ရက် ပြောင်းလဲခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

၂၀၂၅ ပညာသင်နှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်မာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာ ဒီပလိုမာသင်တန်းများ၊ ဆေးပညာမဟာသိပ္ပံသင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများအတွက် ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာမေးပွဲများကို (၃-၁၀-၂၀၂၄)ရက်နေ့နှင့် (၄-၁၀-၂၀၂၄)ရက်နေ့များတွင် ကျင်းပစစ်ဆေးရန် ကြေညာထားရှိသော်လည်း ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အင်အားဖြည့်ပါဝင်ဆောင်ရွက်လျက်ရှိပါသဖြင့် ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာမေးပွဲများကို (၂၂-၁၀-၂၀၂၄)ရက်နေ့နှင့် (၂၃-၁၀-၂၀၂၄)ရက်နေ့များသို့ ပြောင်းလဲကျင်းပစစ်ဆေးမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။