သတင်း
နောက်ဆုံးရသတင်းများ - ၉၃၉၄၆ ခု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင် ကြီးနှင့် နောက်ဆက်တွဲငလျင် ဒဏ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအဆောက်အအုံများတွင် သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးအတည်ပြုပြီး အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြန်လည်ပြောင်းရွှေ့ နေထိုင်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂)အပိုင်း(၁) (Diploma in IFRS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(ရှမ်းတဲ)၌ သုံးထပ်စာသင်ဆောင်တည်ဆောက်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အေးချမ်းစွာပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် နေပြည်တော် ဟိုတယ်ဇုန်(၂)ဥတ္တရသီရိ မြို့နယ်ရှိဟိုတယ်များမှ လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လက်ခံကျင်းပမည့်(၅၃)ကြိမ်မြောက် ASEAN Banking Council အစည်းအဝေးနှင့် (၂၄)ကြိမ်မြောက် ASEAN Banking Conference တို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုယနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်၍ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှု ကော်မတီအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ တွေ့ဆုံဆွေးနွေးရာ ASEAN Banking Council အစည်းအဝေးများတွင် ဆွေးနွေးမည့် အကြောင်းအရာများ၊ Panel Discussion ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ASEAN ဒေသအတွင်းရှိ နိုင်ငံများမှဘဏ်လုပ်ငန်းပညာရှင်များအား ဖိတ်ကြားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၉ ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများ၊ အပြန်အလှန်ဆွေးနွေးမှုနှင့် ပကတိမြေပြင်အခြေအနေမှန်များနှင့် လုံးဝကိုက်ညီ ခြင်းမရှိဘဲ နိုင်ငံရေးအရလိုရာဆွဲပုံဖော်ထားသည့် ဆုံးဖြတ်ချက် အဆိုတို့ကို မြန်မာအစိုးရ၏ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိဘဲ တစ်ဖက်သတ် ဆွေးနွေးအတည်ပြုခဲ့ကြောင်း တွေ့ရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 11, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။