ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
လိုင်စင်နှင့် ခွင့်ပြုချက်လျှောက်ထားရန် - မော်တော်ကား အရောင်းစင်တာ ဖွင့်ခွင့်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / October 12, 2021
မြို့နယ်အတွင်း ယာဉ်လိုင်းအသစ် ပြေးဆွဲခွင့်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ / October 11, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင်လျှောက်ထားရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / November 14, 2018
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
"ခ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ-
- အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
- ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "သ" ယာဉ်မောင်းလိုင်စင်(သို့မဟုတ်) "က" ယာဉ်မောင်းလိုင်စင်သက်တမ်း(၃)လပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။
- ဦးစီးဌာနမှဖွင့်လှစ်သည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းပညာပေးသင်တန်း တက်ရောက်ပြီးသူ(သို့မဟုတ်) ဦးစီးဌာနတွင်မှတ်ပုံတင်ထားသော ယာဉ်မောင်း သင်တန်းကျောင်း မှ တက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။
"ဃ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -
- အသက်(၂၁)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
- ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။
- ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "ခ" ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)နှစ် ပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။
- အခြားတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏"ခ"ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိ ပြီးဖြစ်ရမည်။
"င" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -
- အသက်(၂၃)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
- ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။
- ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ဃ”ယာဉ်မောင်းလိုင်စင်သက်တမ်း(၂)နှစ် ပြည့်ပြီးသူ(သို့မဟုတ်) တစ်ဆက်တည်း“ခ” ယာဉ်မောင်းလိုင်စင်(၅)နှစ်ပြည့်ပြီးသူ (သို့မဟုတ်) “ခ”ယာဉ်မောင်းလိုင်စင်သက်တမ်းနှင့် ”ဃ”ယာဉ် မောင်းလိုင်စင် သက်တမ်းစုစုပေါင်း တစ်ဆက်တည်း (၅)နှစ်ပြည့်ပြီးသူ၊ သက်တမ်းရှိယာဉ် မောင်းလိုင်စင်များဖြစ်ရမည်။
- အခြား တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏ "ခ"ယာဉ်မောင်းလိုင်စင် (သို့) "ဃ" ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိ ရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင်ပြောင်းလဲရရှိ ပြီးဖြစ်ရမည်။
ဝန်ဆောင်ခ
ယာဉ်မောင်းစစ်ဆေးခ
လိုင်စင်အသစ်အားလုံးအတွက် စစ်ဆေးခ(တစ်ကြိမ်လျှင်)၂၀၀ဝိ/-
ယာဉ်ငှားရမ်းခ
- "ခ"၊ "ဃ" တစ်ကြိမ်အတွက် ၅၀၀ဝိ/-
- "င" တစ်ကြိမ်အတွက် ၁၀၀၀ဝိ/-
- Simulator တစ်ကြိမ်အတွက် ၅၀၀ဝိ/-
Online Booking ရယူရန်အတွက် ဝန်ဆောင်ခ မှာ အခမဲ့ ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
"ခ"လိုင်စင်ဖြေဆိုသူများ
- သင်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
- နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
- ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ် (မူရင်း/မိတ္တူ)
- QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံ ရရှိသည့် mail အထောက်အထား(phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။
"ဃ"လိုင်စင်ဖြေဆိုသူများ
- "ခ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
- နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
- QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံရရှိ သည့် mail အထောက်အထား(Phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။
"င "လိုင်စင်ဖြေဆိုသူများ
- "ခ"(သို့)"ဃ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
- နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
- QR Code ပါသည့် Appointment Letter Printout စာရွက်(သို့) လက်ခံရရှိ သည့် mail အထောက်အထား(phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။
လျှောက်ထားရန်အဆင့်များ
အောက်ပါအချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ် ဖြည့်စွက်ရန် -
(က) လာရောက်ဖြေဆိုမည့်ရုံးအမည်၊
(ခ) ရယူလိုသည့်လိုင်စင်အမျိုးအစား၊
(ဂ) လာရောက်ဖြေဆိုမည့်နေ့၊
(ဃ) လာရောက်ဖြေဆိုမည့်အချိန်၊
(င) လက်ရှိလိုင်စင်အမှတ်၊
(စ) လက်ရှိလိုင်စင်ထုတ်ပေးထားသည့်ရုံး၊
Online Booking ရယူရန်အတွက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ တွင် ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်းနှင့်မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက
ရန်ကုန်ရုံး
ဖုန်း - 09 781 425 403, 09 974885896, 09 254 513 042 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Website လိပ်စာ
ဖြည့်စွက်ချက်
- ယာဉ်မောင်းလိုင်စင်ရယူလိုသူများ များပြားလာသဖြင့် လိုင်စင်ဖြေဆိုလိုသူများအနေ ဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊
- အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်း အဆိုပါအခက်အခဲများ လျော့နည်း သွားစေ ရန်အတွက် လူကိုယ်တိုင်လာရောက်ရန် မလိုအပ်သော (Online Booking System) ကိုပြောင်းလဲကျင့်သုံးခြင်းဖြစ်ပါသည်။