Latest News - 76099 items

KNDF အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ထီးစဲခါးတံတားအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်

Ministry of Information / Posted on May 22, 2024

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် လွိုင်လင်လေးမြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာရှိ အရှည်ပေ ၂၆၀၊ အကျယ်ပေ ၃၀ ရှိ ထီးစဲခါးတံတားအား KNDF အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လုံခြုံရေးဆောင်ရွက်ပြီး ဆီဆိုင်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများဖြင့် မေ ၁၇ ရက်မှစတင်၍ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

Ministry of Information / Posted on May 22, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မိဘများ၏ အတ္တစွဲကြောင့် စာသင်ကျောင်းနှင့် ပိုမိုဝေးကွာခဲ့ရသော မြန်မာပြည်မှ အနာဂတ်လူငယ်များ” ခေါင်းစဉ်ဖြင့် မေ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မုန်တိုင်းမိုးများကြောင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသည့် နွေနှမ်းနှင့်အခြားသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

Ministry of Information / Posted on May 22, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေနှမ်းနှင့်အခြားသီးနှံများ မိုးကြိုရာသီတွင်ဖြစ်ပေါ်တတ်သော မုန်တိုင်းမိုးနှင့် ရာသီဥတုပြောင်းလဲ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဒေသခံတောင်သူများ၊ ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်း၊ စိုက်ခင်းများအတွင်း စိမ့်မြောင်းပတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးကြသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကျင်းပ

Ministry of Information / Posted on May 22, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေ့စဉ်မိုးလေဝသသတင်း

Ministry of Information / Posted on May 22, 2024

နေ့စဉ်မိုးလေဝသသတင်း

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနားကျင်းပ

Ministry of Information / Posted on May 22, 2024

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Ministry of Information / Posted on May 22, 2024

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on May 22, 2024

ကဆုန်လပြည့် ထူးကဲမွန်မြတ်သည့်ဗုဒ္ဓနေ့

Ministry of Information / Posted on May 22, 2024

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့တကာနေ့တို့တွင် ထူးကဲအမွန်မြတ်ဆုံးနေ့တစ်နေ့ဟု ဆိုထိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ပူဇော်ထိုက်သည့် ဖြစ်စဉ်တော် ၄ ရပ် ရှိနေသောကြောင့်ဖြစ်သည်။ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်လမ်း” ဟုဆိုသည့် မြတ်ဗုဒ္ဓ ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဟူသည့် ထူးမြတ်သည့် ဗုဒ္ဓဖြစ်စဉ်များ စုဆုံနေသောကြောင့်ဖြစ်သည်။

အကြမ်းဖက်မှုကင်းသည့် ငြိမ်းချမ်းရေးလမ်းစဉ်

Ministry of Information / Posted on May 22, 2024

ယနေ့သည် ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သည်။ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် ဘုရားအလောင်းတော်ကို ဖွားမြင်ခြင်း၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားအဖြစ်သို့ရောက်‌တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းဟူသော အကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင်တို့အဖို့ ကဆုန်လသည် လတကာတို့ထက် အလေးအနက်၊ အမွန်အမြတ်ပြုရာ လဖြစ်သည်။

Newspaper - 2761 items

Volume V, Number 179, 12 Friday, October 2018


Publisher: New Light/ October 12, 2018

Publication Date: 2018

Page: 16

Language: English

Download

Volume V, Number 178, 11 Thursday, October 2018


Publisher: New Light/ October 11, 2018

Publication Date: 2018

Page: 16

Language: English

Download

Volume V, Number 177, 10 Wednesday, October 2018


Publisher: New Light/ October 10, 2018

Publication Date: 2018

Page: 16

Language: English

Download

Volume V, Number 176, 9 Tuesday, October 2018


Publisher: New Light/ October 09, 2018

Publication Date: 2018

Page: 16

Language: English

Download

Volume V, Number 175, 8 Monday, October 2018


Publisher: New Light/ October 08, 2018

Publication Date: 2018

Page: 16

Language: English

Download

Volume V, Number 174, 7 Sunday, October 2018


Publisher: New Light/ October 08, 2018

Publication Date: 2018

Page: 16

Language: English

Download

Volume V, Number 173, 6 Saturday, October 2018


Publisher: New Light/ October 08, 2018

Publication Date: 2018

Page: 16

Language: English

Download

Volume V, Number 172, 5 Friday, October 2018


Publisher: New Light/ October 08, 2018

Publication Date: 2018

Page: 16

Language: English

Download

Volume V, Number 171, 4 Thursday, October 2018


Publisher: New Light/ October 08, 2018

Publication Date: 2018

Page: 16

Language: English

Download

Volume V, Number 170, 3 Wednesday, October 2018


Publisher: New Light/ October 03, 2018

Publication Date: 2018

Page: 16

Language: English

Download