“ချိုတေးဝေစည် ရခိုင်ပြည်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

“ချိုတေးဝေစည် ရခိုင်ပြည်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

“ချိုတေးဝေစည် ရခိုင်ပြည်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်


Ministry of Information/ Naypyitaw / January 31, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၃၀

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နာမည်ရတိုင်းရင်းသားတေးသံရှင်များက ပွဲစဉ် (၇) ပွဲဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့အထိ အပတ်စဉ်သောကြာနေ့ညတိုင်း ဖျော်ဖြေတင်ဆက်လျက်ရှိရာ ပွဲစဉ် (၆) “ချိုတေးဝေစည် ရခိုင်ပြည်” တေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက် (သောကြာနေ့) ည ၉ နာရီ ခန့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ရခိုင်တိုင်းရင်းသား/ တိုင်းရင်းသူ တေးသံရှင်များဖြစ်ကြသည့် စန်းလွင် (ဒွါရာဝတီ)၊ ရိုတ၊ ဇေယျာအောင်စိုးမိုး၊ ပြည့်ဖြိုးအောင်၊ မြတ်မင်းခေါင်၊ ခေတ်မင်းပိုင်၊ မေနှင်းသဇင်၊ လမင်းခင်၊ ခိုင်ဇင်ရွှေနှင့် စိုးယုနန္ဒာတို့က ရခိုင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအစဉ်အလာ၊ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများနှင့် ရှေးမူလက်ရာမပျက် ထိန်းသိမ်းစောင့်ရှောက်ထားမှုများ၊ သဘာဝသယံဇာတပေါကြွယ်ဝမှု၊ စိမ်းလန်းစိုပြည်လှပသည့် ရခိုင်ရိုးမတောင်တန်းကြီးနှင့် ကမ္ဘာကျော် ငပလီကမ်းခြေတို့၏ သဘာဝအလှအပများကို ပေါင်းစပ်ဖော်ကျူးရေးစပ်ထားသည့် တေးသီချင်းကောင်းများကို ရခိုင်၊ ဗမာ နှစ်ဘာသာဖြင့် မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ သီဆိုဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း လွှင့်တင်ထားမည်ဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဖေဖော်ဝါရီ ၂ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။


Posted on Feb 24, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။


Posted on Feb 23, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။


Posted on Feb 23, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက် ၊စနေနေ့။


Posted on Feb 22, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။


Posted on Feb 21, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ကြာသာပတေးနေ့။


Posted on Feb 20, 2025
HOT NEWS
February 25,

Subcribe to us

Government Directory