အဝတ်အထည်ချုပ်လုပ်မှုသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
အဝတ်အထည်ချုပ်လုပ်မှုသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Ministry of Industry/ Ministerial Office / January 15, 2025
နေပြည်တော်၊ ဇန်နဝါရီ (၆)
အဝတ်အထည်ချုပ်လုပ်မှုသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၊ မန္တလေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်သည်။ ထို့ပြင် Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများသည် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အဝတ်အထည်ချုပ်လုပ်မှုသင်တန်းအမှတ်စဉ် (၂) ကို မြန်မာ့အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှု၀န်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Guangxi Economic and Trade Vocational Institute တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ၁၉၇၉ ခုနှစ်မှ စတင်၍ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး စက်မှုကျွမ်းကျင်လုပ်သားများကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယခုအခါ အထည်ချုပ်ကဏ္ဍအတွက် အထည်ချုပ်သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အဝတ်အထည်ချုပ်လုပ်မှုသင်တန်း အမှတ်စဉ်(၁)ကို (၂၈.၁၀.၂၀၂၄)ရက်နေ့မှ (၁၁.၁၁.၂၀၂၄)ရက်နေ့အထိ (၂)ပတ်ကြာ ဖွင့်လှစ်၍ အောင်မြင်စွာ လေ့ကျင့်သင်ကြားပို့ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အရေးပါသော စီးပွားရေးအချက်အချာကျသည့် နေရာတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား အဓိကကုန်သွယ်မှုလမ်းကြောင်းတစ်ခုလည်းဖြစ်သောကြောင့် နည်းပညာနှင့်သက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော မြို့ဖြစ်ခြင်းကြောင့် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)တွင် အထည်ချုပ်လေ့ကျင့်ရေးသင်တန်းကျောင်း ဖွင့်လှစ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မန္တလေးမြို့အနီးပတ်ဝန်းကျင် ဒေသများဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်းနှင့် အမရပူရစသည့်မြို့များတွင် ဝါစိုက်ပျိုးခြင်း၊ ချည်မျှင်နှင့်အထည်ရက်လုပ်ခြင်း၊ ရိုးရာလက်ရက်ကန်းနှင့် စက်ရက်ကန်းလုပ်ငန်းများ၊ မြန်မာ့ရိုးရာအဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိသော ကြောင့် အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး မန္တလေးမြို့တွင် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ မန္တလေးမြို့သည် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အချက်အချာနေရာဖြစ်ခြင်းနှင့် အထည်ချုပ်သင်တန်းများသို့ တက်ရောက်လိုသည့် လူငယ်သင်တန်းသားများ များပြားခြင်းစသည့် အားသာချက်များစွာရှိသည့် နေရာလည်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့် ချည်ထည်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ပေးရန်၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင် နှင့်အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာအရည်အသွေးကောင်းသော (A)အဆင့်ရှိ ဝါများပြောင်းလဲစိုက်ပျိုးရန်၊ ထိုမှတစ်ဆင့် ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ ချည်ချောများ ထုတ်လုပ်နိုင်ရေး၊ ပိတ်အဖြစ်ပြောင်းလဲနိုင်ရေးဆောင်ရွက်ရာတွင် လုပ်ငန်းများအလိုက် ဦးတည်ချက်များ ချမှတ်၍ တစ်ဆင့်ချင်း အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရန်ဟု လမ်းညွှန်မှုပြုထားကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုသင်တန်းကျောင်းများကို ထူထောင်ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာအထောက်အပံ့ရယူခြင်း၊ သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဝတ်အထည်ချုပ်လုပ်မှုသင်တန်းများသည် ဒေသအတွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်ရရှိရေးအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရိုးရာအထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူများအတွက် ကွန်ပျုတာဖြင့် ဒီဇိုင်းရေးဆွဲခြင်းနည်းပညာ အသုံးချနိုင်မှုနှင့် နားလည်တတ်ကျွမ်းမှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ကြီးထွားလာ စေရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရေးအစီအစဉ်များသည် နိုင်ငံရှိလုပ်သားအင်အားစုကို ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိနေစေရန်နှင့် စက်မှုလုပ်ငန်းများတွင် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုများ ရရှိရန်အတွက် ဆက်လက်ပံ့ပိုးမြှင့်တင်ပေးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြများ၏ အရည်အသွေး မြှင့်တင်ရေးအတွက်လည်း မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်မည့်သင်တန်းတွင် ကွန်ပျူတာဖြင့် အဝတ်အထည်ဒီဇိုင်းရေးဆွဲခြင်း ပညာရပ်အား အခြေခံမှစ၍ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်း နည်းပြများ၏ သင်ကြားလေ့ကျင့်ပေးမှုအား လေးစားတန်ဖိုးထားသည့်စိတ်ဖြင့် သင်ယူကြပါ၊ မိမိ၌ရှိပြီးဖြစ်သည့် စွမ်းရည်များအဆင့်ဆင့် ပိုမိုမြင့်မားအောင် လေ့လာကြပါ၊ ကိုယ်ကျင့် တရား၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းကျွမ်းကျင်မှုရှိသည့် လုပ်သားကောင်းများ၊ ဝန်ထမ်းကောင်းများအဖြစ် စိတ်ဓာတ်ခံယူချက်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းဖြင့် ကြိုးစားလေ့လာသင်ယူသွားကြပါ၊ အစဉ်လေ့လာသင်ယူနေသည့် လူ့ဘောင်အဖွဲ့အစည်းတွင် လေ့လာသင်ယူမှုကို မြတ်နိုးတန်ဖိုးထားသူ၊ အစဉ်လေ့လာသင်ယူနေသူများဖြစ်အောင် အပတ်တကုတ်ကြိုးစားအားထုတ်ပြီး အနာဂတ်မြန်မာနိုင်ငံ၏ အထည်အလိပ်၊ အဝတ်အထည်နှင့် အထည်ချုပ်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ပါ၀င်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိူးအောင် နှင့် Guangxi Economic and Trade Vocational Institute မှ ကျောင်းအုပ်ကြီးတို့က အသီးသီး အမှာစကားများပြောကြားပြီး ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တက်ရောက်လာသူများသည် အဝတ်အထည်ချုပ်လုပ်မှုသင်တန်းခန်းမအတွင်းရှိ သင်ထောက်ကူပစ္စည်းများ၊ အဝတ်အထည်ချုပ်လုပ်မှုနှင့်ပတ်သက်၍ သင်ကြားပေးနေမှုအခြေအနေတို့ကို လှည့်လည် အားပေးကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ နိုင်ငံတော်အနေဖြင့် စက်မှုကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်သည့်အပြင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၌ ဆောင်ရွက်နေသည့် မိရိုးဖလာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာများကို ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများ၏ ပကတိအခြေအနေမှန်များကိုလည်း မှန်မှန်ကန်ကန် သုံးသပ်တင်ပြကြရန်လိုကြောင်း၊ နိုင်ငံတော်မှ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်နေ၍ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းနှင့် အဖွဲ့အစည်းအလိုက် စွမ်းဆောင်ရည်များဖွံ့ဖြိုးတိုးတက်ရေးစဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည့်အပြင် စက်မှုကဏ္ဍနှင့်ပတ်သက်၍ ဦးစီးဦးဆောင် ဆောင်ရွက်နိုင်ပြီး အကြံဉာဏ်များပေးနိုင်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်သည့် ဝန်ထမ်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Newspaper
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၂၄ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 24, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ပြင်ပမှ ခေါ်ယူသော အငယ်တန်းစာရေး၊ စာရင်းကိုင်-၄၊ စာပေလက်ထောက်-၄၊ ပြတိုက်လက်ထောက်-၄ ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်းနှင့် ရုံးအကူစာပို့၊ လုပ်သား(ဆွမ်းချက်)၊ လုပ်သား(ဆွမ်းပြင်)ရာထူးနေရာများအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်း ကြော်ငြာခြင်း
Ministry of Religious Affairs & Culture / Posted on January 22, 2025
ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 21, 2025
ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on January 20, 2025
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း