(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Transport and Communications/ Naypyitaw / January 31, 2025

နေပြည်တော် ဇန်နဝါရီ ၃၁
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ယခုကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်ကြမည့် ယဉ်ကျေးမှုအဖွဲ့များ လေ့လာရေးခရီးစဉ်၊ လေ့ကျင့်မှုနှင့် ဧည်သည်တော်များ အခမ်းအနား ပို့ဆောင်မှုများတွင် သတ်မှတ်နေရာများသို့ သတ်မှတ်အချိန်အရောက် အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ စနစ်တကျပို့ဆောင်ပေးရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ သတိဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားကြရမည့်အပြင် တစ်ဦးချင်း ကျန်းမာရေးကိုလည်း ဂရုပြုသွားကြရန်နှင့် ဝန်ထမ်းအဖွဲ့၊ ရုံးနှင့် အိပ်ဆောင်များ၊ အသုံးပြုမည့် မော်တော်ယာဉ်များ၏ မီးဘေးအန္တရာယ်လည်း အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သယ်ယူပို့ဆောင်ရေးယာဉ်များ ကြံ့ခိုင်မှုရှိစေရေး နေ့စဉ်စစ်ဆေး ဆောင်ရွက်သွားကြရန်နှင့် ဧည့်သည်တော်များ၏ ဆက်သွယ်ရေးကိစ္စများ အဆင်ပြေမှုရှိစေရေးအတွက် SIM Card ၊ ငွေဖြည့်ကတ်များ ရောင်းချခြင်းတို့အပြင် တည်းခိုဆောင်များ၌ အော်တိုတယ်လီဖုန်းနှင့် Wi-fi အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဆက်စပ်ဆပ်ကော်မတီ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုစာရင်းချုပ်ရုံး၊ လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on February 24, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း
Naypyitaw Development Committee / Posted on February 24, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း