သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် သွားလာမှုလွယ်ကူချောမွေ့စေရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ


Ministry of Transport and Communications/ Naypyitaw / April 10, 2025
image_latest


နေပြည်တော်၊ ဧပြီ ၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတို့မှ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို နေ့စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

မန္တလေး(ရွှေကြက်ယက်)ဆိပ်ကမ်းနှင့် စစ်ကိုင်းဆိပ်ကမ်းတို့အကြား ဧရာဝတီမြစ်ကူး ကူးတို့ခရီးလမ်းတွင် ပို့ဆောင်ရေးအနေဖြင့် မတ်လ ၃၁  ရက်နေ့မှ ယနေ့အထိ မြစ်ကူးပို့ဆောင်ရေးကို  ကုန်တင်ယာဉ် ၁၅၃၈ စီး၊ လူစီးမော်တော်ယာဉ်ငယ် ၇၄၄ စီး တို့ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။ ၎င်းယာဉ်များအနက် ကယ်ဆယ်ရေးပစ္စည်းတင် ကုန်တင်ယာဉ် ၃ စီး ကို အခမဲ့သယ်ဆောင်ပေးခဲ့ပါသည်။

နိုင်ငံတကာမှ လေယာဉ်များဖြင့် လာရောက်ပို့ဆောင်သည့် ကယ်ဆယ်ရေးပစ္စည်းများ၊ ရိက္ခာနှင့်ဆေးဝါးများ၊ ကယ်ဆယ်ရေးအဖွဲ့များကို ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ မတ်လ ၂၉ ရက်နေ့မှ စတင်၍ ယနေ့အထိ စုစုပေါင်း  လေယာဉ် ၁၀၄ စီး ဆင်းသက်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁,၉၆၆ .၈၄၉ တန် ရောက်ရှိပြီးဖြစ်သည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်များအတွက် သက်ဆိုင်ရာ လေဆိပ်အလိုက် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများကို လူအင်အား စက်ယန္တရားအင်အားဖြင့် အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိသည်။

ပြည်တွင်းလေယာဉ်ခရီးစဉ်များကို ဧပြီလ ၄ ရက်နေ့မှစ၍   မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဧပြီလ ၅ ရက်နေ့မှစ၍ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်း၊ မင်္ဂလာလေကြောင်း၊ အဲယားသံလွင်လေကြောင်းလိုင်းတို့မှ လေယာဉ်ခရီးစဉ် စုစုပေါင်း ၈၃ ခေါက် ပြေးဆွဲပေးနိုင်ခဲ့သည့်အတွက် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာလျက်ရှိကြောင်း သတင်းရရှိသည်။

ရထားပို့ဆောင်ရေးကဏ္ဍတွင်လည်း ငလျင်ဒဏ်ကြောင့်ပျက်စီးသည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း နေရာအချို့အား ပြုပြင်ပြီးစီးပြီဖြစ်၍ ယခုအခါ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဧပြီလ ၅ ရက်နေ့မှစ၍ ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ အမှတ် ၇ အဆန်၊ ၈ အစုန် DEMU အမြန်ရထား ခရီးစဉ်များ၊  နေပြည်တော်-မန္တလေးလမ်းပိုင်း၌ အမှတ် ၂၇အဆန်၊ ၂၈ အစုန် လေအိတ်အမြန်ရထားခရီးစဉ်များနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်း တစ်ခုလုံး၌ အမှတ် ၁၁ အဆန်၊ ၁၂ အစုန် အမြန်ရထားခရီးစဉ်များကို နေ့စဉ် ပုံမှန်ပြေးဆွဲပေးနေပြီဖြစ်သည်။  ထို့ပြင် ကုန်ရထားခရီးစဉ်များကိုလည်း ပိုမိုတိုးချဲ့ပြေးဆွဲ၍ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်လာစေရေးအတွက် အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၊ ပုသိမ်-ကြံခင်းလမ်းပိုင်း တို့၌လည်း ပုံမှန်ရထားခရီးစဉ်များကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေးကဏ္ဍတွင် ငလျင်ဒဏ်ခံခဲ့ရသည့်ဒေသများအတွင်း မိုဘိုင်းဆက်သွယ်ရေး စခန်း ၆၇၀၀ ကျော် ဆက်သွယ်မှုပြတ်တောက်ခဲ့ရာ စခန်းပေါင်း ၆၀၀၀ ၊ ၉၀ % ပြုပြင် ကောင်းမွန်ပြီဖြစ်၍ ကျန်ရှိနေသည့်စခန်းများကိုလည်း ဆက်လက်ပြုပြင်လျက်ရှိကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper - 3153 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download