ပြည်‌‌ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)

မျှော်မှန်းချက် (Vision)

“နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအလို့ငှာ တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း‌‌ရေးအတွက် နိုင်ငံတော်အစိုးရက ချမှတ် ထားသော မူဝါဒများကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်ရန်”

 

ရည်မှန်းချက် (Mission)

၁။      အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းလုပ်ငန်းစဉ် များ အောင်မြင်စေရေး
၂။       အခွန်အယူခံဆိုင်ရာကိစ္စရပ်များကို ဥပဒေနှင့်အညီ ဖြစ်စေရေး
၃။      နိုင်ငံတော်မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရေး

 

လုပ်ငန်းတာဝန်များ

၁။      ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်မူဝါဒများ နှင့်အညီ ဆောင်ရွက်ခြင်း၊
၂။       အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတော်မူဝါဒများနှင့်အညီ ဆောင်ရွက်ခြင်း၊
၃။      အခွန်အယူခံဆိုင်ရာကိစ္စရပ်များကို အုပ်ချုပ်မှုကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်း၊
၄။      သီးခြားပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊

 

Website Address

www.mougo.gov.mm