နယ်စပ်ရေးရာဝန်ကြီးဌာန

နောက်ခံသမိုင်းကြောင်း

     မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အချိန်မှစတင်၍တိုင်းရင်းသားအချင်းချင်း အထင်အမြင် လွဲမှားမှု၊ အယူအဆ ကွဲပြားမှုများကြောင့် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးပေါ်ပေါက်လာမှုကြောင့်ခေတ်အဆက်ဆက်အစိုးရများသည်နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်  ဆောင်ရွက်ပေးနိုင် ခြင်းမရှိခဲ့ ကြပါ။ ၁၉၈၉ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ တရားဥပဒေဘောင်အတွင်း စတင်ဝင်ရောက်လာသည့်အချိန်၊ တိုင်းပြည်တည်ငြိမ် အေးချမ်းသာယာ ရေး လုပ်ငန်းများ နှင့်အတူ နယ်စပ်ဒေသဖွံ့ဖြိုးရေးကိုသာ တစ်ဆင့်ထက်တစ်ဆင့် တိုးမြှင့်ပြီး စနစ်တကျ စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တည်းဟူသော အမျိုးသားရေး တာဝန် (၃) ရပ်၊ တစ်နည်းအားဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျှက် နယ်မြေအေးချမ်း သာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှု၍ နယ်စပ် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ၁၉၈၉ ခုနှစ် တွင် အင်တိုက်အားတိုက် စတင်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

     နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်းစုစုပေါင်း (၂၀၇) ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လက်အောက်တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့် အမှတ်စဉ် (၁၇/၉၂) ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။ နယ်စပ်ဒေသနှင့်တိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး ဖွင့်လှစ်ဆောင်ရွက်ရာမှု လုပ်ငန်းများ ကျယ်ပြန့်လာသည် နှင့်အညီ မျက်ခြည်မပြတ် ကွပ်ကဲကြပ်မတ် ညှိုနှိုင်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် (၂၄-၉-၁၉၉၂) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၅၄/၉၂) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းလိုအပ်ချက်အရ (၃၀-၁-၁၉၉၄) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၅/၉၄) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန အဖြစ် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတရုံး၏ (၃၀-၃-၂၀၁၁) ရက်စွဲပါ စာအမှတ် (၄/၂၀၁၁) အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာနအား ရပ်ဆိုင်းပြီး နယ်စပ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၏မဟာဗျူဟာ

“အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ် ပြည်မ အကြားအလပ် ရှိစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်”

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ဖွဲ့စည်းပုံ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏မူဝါဒ

   နယ်စပ်ရေးရာဝန်ကြီးဌာနသည် အောက်ပါမူဝါဒ (၄) ရပ်ကို ချမှတ်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-

      (က)    နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး။

      (ခ)    နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး။

      (ဂ)    နယ်စပ်ဒေသနေတိုင်းရင်းသားပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး။

      (ဃ)   နယ်စပ်ဒေသနေတိုင်းရင်းသားလူငယ်များ၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး။

နယ်စပ်ရေးရာဝန်ကြီးဌာန၏ရည်မှန်းချက်

(က)    နယ်စပ်ဒေသများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး တို့ကို ထိန်းသိမ်းရန်။
(ခ)    တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်။
(ဂ)    နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက် ပေးခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး       တိုးတက်စေရန်။
(ဃ)    တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကို မြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်။
(င)    နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားစေရန်။
(စ)    တိုင်းရင်းသားလူငယ်များ၏ဘဝနောင်ရေးအတွက်အခြေခံပညာ၊အဆင့်မြင့်ပညာနှင့်အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရန်။
(ဆ)    တိုင်းရင်းသားလူငယ်များ မိမိဒေသ၏ ဖွံ့ဖြိုးရေးတာဝန်များကို အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင် နိုင်စေရန်။

နယ်စပ်ရေးရာဝန်ကြီးဌာန၏လုပ်ငန်းစဉ်

(က)    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေး ဒေသ များ သတ်မှတ်ခြင်း။
(ခ)    နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်း များ ရေးဆွဲဆောင်ရွက်ခြင်း။
(ဂ)    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ အတည်ပြုချမှတ်ပေးထားသော နှစ်တို၊ နှစ်ရှည်စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်း။
(ဃ) နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ ကလတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
(င)     နယ်စပ်ဒေသများ၏ အောက်ဖော်ပြပါလူမှုစီးပွား အခြေခံအဆောက်အအုံများကို နှစ်အလိုက် စီမံကိန်းများဖြင့် တည်ဆောက်ပေးခြင်း -
           (က)     လမ်း/တံတားလုပ်ငန်း။
           (ခ)     ရေရရှိရေးလုပ်ငန်း။
                      (၁)    စိုက်ပျိုးရေရရှိရေး။
                      ( ၂)    သောက်သုံးရေရရှိရေး။
         (ဂ)     လျှပ်စစ်ဓာတ်အားလုပ်ငန်း။
                    (၁)    ရေအားလျှပ်စစ်။
                    ( ၂)    ဆိုလာစွမ်းအင်စနစ်။
         (ဃ)   သာသနာရေးလုပ်ငန်း။
         (င)     ငြိမ်းချမ်းရေးအတွက် တည်ဆောက်မှုလုပ်ငန်းများ။      
                    (၁)    လမ်း/တံတားလုပ်ငန်း။
                    ( ၂)    ပညာရေးလုပ်ငန်း။
                    ( ၃)    ကျန်းမာရေးလုပ်ငန်း။
                    (၄)    အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း။
(စ)     နယ်စပ်ဒေသအသီးသီးတွင်နေထိုင်သောတိုင်းရင်းသားလူငယ်များကိုအခြေခံပညာအလယ်တန်းမှအထက်တန်းအထိအခမဲ့ပညာသင်ကြားပေးခြင်း။
(ဆ)    အခြေခံပညာအထက်တန်း အောင်မြင်သည့် တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု                      တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များတွင်အဆင့်မြင့်ပညာများသင်ကြားပေးခြင်း။
(ဇ)      နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ  အတူတကွ နေထိုင်ပညာရှာမှီးရင်း တိုင်းရင်းသား အချင်းချင်း ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ

             ကိုနားလည်ရင်းနှီးစေခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်  ပြည်ထောင်စု စိတ်ဓာတ် ပိုမိုခိုင်မြဲလာစေရန် ပြုစုပျိုးထောင် ပေးခြင်း။
(စျ)    နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကိုပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊အချုပ်အခြာအာဏာ

           တည်တံ့ခိုင်မြဲ ရေးဟူသော အသိ စိတ်ဓာတ်များ ကိန်းအောင်းစေရန် ပျိုးထောင်ပေးခြင်း။
(ည)   အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်တွင် ဝန်ကြီးဌာနအသီးသီး၌ တာဝန် ခန့်အပ်၍ မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေခြင်း။
(ဋ)    နယ်စပ်ဒေသရှိတိုင်းရင်းသူများကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာရပ်များ သင်ကြားပေးခြင်းနှင့်သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်မျာဖြင့် ကိုယ်ပိုင် စီးပွားရေး ထူထောင်နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးခြင်း။
(ဌ)  နယ်စပ်ဒေသရှိ တိုင်းရင်းသားများကိုစက်မှုလက်မှုပညာရပ်များ သင်ကြားပေးခြင်းဖြင့်ဒေသတွင်းကျွမ်းကျင်လုပ်သားများဖြစ်ထွန်းလာစေပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ နှင့်အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ပေးခြင်း။
(ဍ)      နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗဟုသုတပွားများစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးခြင်း။
(ဎ)      တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသားလူမျိုးရေးရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ခြင်း။
(ဏ)     နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာထွန်းကား ပြန့်ပွားရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
(တ)     ဘိန်းစိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ ထူထောင်ပေးခြင်း။
(ထ)    နယ်ခြားနယ်နိမိတ် ကျောက်တိုင်များ၊ အထိမ်းအမှတ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(ဒ)      နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်စီမံဆောင်ရွက်ခြင်း။ 

ကော်မတီများဖွဲ့စည်းဆောင်ရွက်ခြင်း

     နိုင်ငံတော်အစိုးရအဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ၂၅-၅-၈၉ ရက်စွဲပါ အမိန့် အမှတ် (၂၃/၈၉) ဖြင့် အဖွဲ့ဝင် (၅) ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၃-၈-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၇၃/၂၀၂၃) ဖြင့် အဖွဲ့ဝင် (၂၂) ဦးဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-     

စဉ် အမည်၊ ရာထူး၊ ဌာန              တာဝန်
(က) ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊နိုင်ငံတော်ဝန်ကြီးချုပ်  ဥက္ကဋ္ဌ
(ခ) ဒုတိယဥက္ကဋ္ဌ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ဒုတိယဝန်ကြီးချုပ်    ဒုတိယဥက္ကဋ္ဌ
(ဂ) ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဃ)  ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(င) ဝန်ကြီးချုပ်၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ (အားလုံး)    အဖွဲ့ဝင်
(စ) ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ အဖွဲ့ဝင်
(ဆ)  ညွှန်ကြား‌ရေးမှူး၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး  အဖွဲ့ဝင်
(ဇ) ပြည်‌ထောင်စုဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန      အတွင်း‌ရေးမှူး
(စျ) ဒုတိယဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန  တွဲဘက်အတွင်း‌ရေးမှူး

ဗဟိုကော်မတီ၏ တာဝန်များ   

(က)    ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ်ခြင်း။

(ခ) ဝန်ကြီးဌာနကရေးဆွဲပြီး လုပ်ငန်းကော်မတီမှတဆင့် တင်ပြလာသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အတည်ပြုခြင်း၊ လမ်းညွှန်ခြင်း၊        အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း။
( ဂ)    နယ်စပ်ဒေသများတွင်လတ်တလောဆောင်ရွက်ရန်သင့်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများချမှတ်ပေး၍အကောင်အထည်ဖော်ဆောင်ရွက်စေခြင်း။
(ဃ)    တိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှု၊စာပေ၊ဓလေ့ထုံးစံများထိန်းသိမ်းရေးကိုရှေးရှုလျက်လုပ်ငန်းအစီအမံများချမှတ်ဆောင်ရွက်စေခြင်း။
(င) နယ်စပ်ဒေသများတွင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ အခြေအနေများကို ထိန်းသိမ်းသည့်အစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း။
(စ)    တိုးချဲ့ဆောင်ရွက်သင့်သော ဖွံ့ဖြိုးရေးဒေသများကို သတ်မှတ်နိုင်ရန် အဆုံးအဖြတ်ပြုခြင်း။

ဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့်များ

(က)   လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။
(ခ)    လုပ်ငန်းကော်မတီကို ဖွဲ့စည်းရာတွင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကိုသတ်မှတ်ပေးရမည်၊ လိုအပ်လျှင် ဒုတိယဥက္ကဋ္ဌနှင့်တွဲဖက်အတွင်းရေးမှူး တို့ကိုသတ်မှတ်ပေးနိုင်သည်။
     
      နိုင်ငံတော်အစိုးရအဖွဲ့သည် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၃၁-၅-၈၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၄/၈၉) ဖြင့် အဖွဲ့ဝင် (၁၇) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ၁၀-၅-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်စာအမှတ် (၃၀/၂၀၂၃) ဖြင့် အဖွဲ့ဝင် (၃၃) ဦးဖြင့် လုပ်ငန်းကော်မတီကို အောက်ပါအတိုင်း အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-     

စဉ်  အမည်၊ ရာထူး၊ ဌာန    တာဝန်
(က)  ပြည်‌ထောင်စုဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန   ဥက္ကဋ္ဌ
( ခ)    ဒုတိယဝန်ကြီး၊ ပြည်ထဲ‌ရေးဝန်ကြီးဌာန    အဖွဲ့ဝင်
(ဂ)  ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန        အဖွဲ့ဝင်
(ဃ)  ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  အဖွဲ့ဝင်
(င) ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
( စ)   ကောင်စီဝင်တပ်မတော်အရာရှိကြီး၁ဦးစီ၊   တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်
(ဆ)  ဒုတိယညွှန်ကြားရေးမှူး၊ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး    အဖွဲ့ဝင်
(ဇ)   အမြဲတမ်းအတွင်းဝန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး      အဖွဲ့ဝင်
(စျ) အမြဲတမ်းအတွင်းဝန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန    အဖွဲ့ဝင်
(ည) အမြဲတမ်းအတွင်းဝန်၊ ပြန်ကြားရေးဝန်ကြီးဌာန    အဖွဲ့ဝင်
(ဋ)  အမြဲတမ်းအတွင်းဝန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  အဖွဲ့ဝင်
( ဌ)   အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန              အဖွဲ့ဝင်
( ဍ)   အမြဲတမ်းအတွင်းဝန်၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန  အဖွဲ့ဝင်
( ဎ)  အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန    အဖွဲ့ဝင်
(ဏ)  အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  အဖွဲ့ဝင်
(တ) အမြဲတမ်းအတွင်းဝန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန  အဖွဲ့ဝင်
(ထ)  အမြဲတမ်းအတွင်းဝန်၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  အဖွဲ့ဝင်
(ဒ)  အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန            အဖွဲ့ဝင်
(ဓ)   ဒုတိယဝန်ကြီး၊ နယ်စပ်‌ရေးရာဝန်ကြီးဌာန  အတွင်း‌ရေးမှူး
(န)   ညွှန်ကြား‌ရေးမှူးချုပ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်‌ရေးဉီးစီးဌာန  တွဲဖက်အတွင်း‌ရေးမှူး

 လုပ်ငန်းကော်မတီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

 (က)    ဝန်ကြီးဌာနက ရေးဆွဲတင်ပြသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို စိစစ်၍ ဗဟို  ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူခြင်း။
(ခ)   ဗဟိုကော်မတီက အတည်ပြုပြီးသည့် နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခြင်းနှင့် လုပ်ငန်း များကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း။
(ဂ)    ဗဟိုကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လမ်းညွှန်ခြင်းနှင့် လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေး ခြင်း။
(ဃ)    ဗဟိုအဆင့်တွင် လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းခြင်းနှင့် တာဝန်များသတ်မှတ်ပေးခြင်း။
(င)    ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများ ဖွဲ့စည်းခြင်းနှင့် တာဝန်များသတ်မှတ်ပေးခြင်း။

        နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီသည် ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများနှင့်အညီ လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ၃၁-၅-၈၉ ရက်နေ့မှ စတင်၍ လုပ်ငန်းဆပ်ကော်မတီ (၁၃) ခု ဖွဲ့စည်းခဲ့ရာ ၃-၁ဝ-၉၄ ရက်နေ့တွင် ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၃/၉၄) ဆုံးဖြတ်ချက်အရ လည်းကောင်း၊  နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၁၁) အရလည်းကောင်း၊ လုပ်ငန်းနှင့် သက်ဆိုင် သည့် ဝန်ကြီးဌာနများမှ ဝန်ကြီး/ဒုတိယဝန်ကြီးများအား ဥက္ကဌအဖြစ် တာဝန်ပေးအပ်၍ ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သော လုပ်ငန်းဆပ်ကော်မတီ (၁၈) ခုကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၄-၈-၂ဝ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆ဝ/၂ဝ၁၂) ဖြင့် ‘လုပ်ငန်းဆပ်ကော်မတီ (၁၃)ခု’ကို လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရု့း၏ ၁၆-၁၁-၂၀၁၆ ရက်စြွပါ အမိန့်အမှတ် (၈/၂၀၁၆) ဖြင့် အောက်ပါအတိုင်း လုပ်ငန်းဆပ်ကော်မတီ (၇) ခုကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်-
       (က)   လမ်း/တံတားလုပ်ငန်းဆပ်ကော်မတီ။
       (ခ)      ကျန်းမာရေးလုပ်ငန်းဆပ်ကော်မတီ။
      (ဂ)        ပညာရေးလုပ်ငန်းဆပ်ကော်မတီ။
      (ဃ)    စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းဆပ်ကော်မတီ။
      (င)       စွမ်းအင်လုပ်ငန်းဆပ်ကော်မတီ။
      (စ)      သာသနာရေးလုပ်ငန်းဆပ်ကော်မတီ။
     (ဆ)    လူမှုဝန်ထမ်းလုပ်ငန်းဆပ်ကော်မတီ။

     နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၁၃-၆-၈၉ ရက်နေ့မှစ၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများ၊ ပြည်နယ် ဥက္ကဌများမှ ဥက္ကဌ အဖြစ်ဆောင်ရွက်သော  ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ (၁၁) ခုကို  ဖွဲ့စည်းခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့်အထိ လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၆/၁၁) အရ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌများအဖြစ် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် များအား တာဝန်ပေးအပ်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၂.၅.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၂) ဆုံးဖြတ်ချက်အရ အောက်ပါအတိုင်း  "ဒေသဆိုင်ရာ လုပ်ငန်း ကော်မတီ (၉) ခု" ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်-
    (က)    ကချင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
    ( ခ)    ရှမ်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
    ( ဂ)    ကယားပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
    (ဃ)    ကရင်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
    ( င)    မွန်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
    ( စ)    တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီ  
    (ဆ)    ရခိုင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
    ( ဇ)    ချင်းပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
    (ဈ)    စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆက်သွယ်ဆောင်ရွက်ပုံစနစ်

နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ


    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပီပီပြင်ပြင် စနစ်တကျ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရသည် ဥပဒေအမှတ်(၁၁/၉၃)ဖြင့် “နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကို ၁၃-၈-၉၃ ရက်နေ့တွင် ပြဌာန်းပေးခဲ့ပါသည်။ အဆိုပါ ဥပဒေအား လက်ရှိအခြေအနေနှင့်ကိုက်ညီစေရန်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှဥပဒေအမှတ် (၇/၂ဝဝ၆)ဖြင့် “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေ” အား ၁၁-၈-၂ဝဝ၆ ရက်နေ့တွင်လည်းကောင်း၊ “နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ” အား ၂၂-၇-၂ဝ၁၅ ရက်နေ့တွင်လည်းကောင်း ပြဌာန်းပေးခဲ့ပါသည်။
  

     ထိုမှဖွံ့ဖြိုးရေး လုပ်ငန်းများကို ပင်မစီမံကိန်းတစ်ရပ်ရေးဆွဲ၍ ၁၉၉၃-၉၄ ဘဏ္ဍာရေးနှစ်မှ ၁၉၉၅-၉၆ ဘဏ္ဍာရေး နှစ်အထိ ပထမနှစ်တို ၃ နှစ်စီမံကိန်း၊ ၁၉၉၆-၉၇ ဘဏ္ဍာရေးနှစ်မှ ၂ဝဝဝ-၂ဝဝ၁ ဘဏ္ဍာရေးနှစ် အထိ ပထမနှစ်လတ် ၅ နှစ်စီမံကိန်းနှင့် ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်မှ ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာရေး နှစ်အထိ ဒုတိယနှစ်လတ် ၅နှစ်စီမံကိန်း၊ စုစုပေါင်းစီမံကိန်းကာလ ၁၃ နှစ် သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်၊ ထိုသို့ဆောင်ရွက်ခဲ့ရာမှ ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၃ဝ-၂ဝ၃၁ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်စီမံကိန်း ၆ ခုခွဲကာ နှစ် ၃ဝ စီမံကိန်း ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။ ယခုအခါပြောင်းလဲလာသော ခေတ်နှင့်အညီ နယ်စပ်ဒေသ ဘက်စုံ ဖွံ့ဖြိုးရေးနှစ်၂ဝ နှစ်ရှည်စီမံကိန်းကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် မှ ၂ဝ၃ဝ-၂၀၃၁ ဘဏ္ဍာရေး နှစ်ထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။   

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၈။ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွား ဘ၀ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ပြည်နယ် (၇) ခု၊ တိုင်းဒေသကြီး (၂) ခု ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်း (၁) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅) ခု တို့တွင် ရှိသော မြို့နယ် (၁၁၆) မြို့နယ် နှင့် လုပ်ငန်းလိုအပ်ချက်အရမြို့နယ် (၅၂) မြို့နယ် စုစုပေါင်း မြို့နယ် (၁၆၈) မြို့နယ်နှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၏ လမ်းညွှန်ချက်များ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ တင်ပြချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ  ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပေးရန် လိုအပ်သည့် တိုင်းဒေသကြီးများတွင်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၉။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကျုံးဝင်သော လုပ်ငန်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(က)    လမ်း/တံတားလုပ်ငန်း၊        

(ခ )    ပညာရေးလုပ်ငန်း၊

(ဂ )    ကျန်းမာရေးလုပ်ငန်း၊

(ဃ)    စိုက်ပျိုးရေးလုပ်ငန်း၊

(င )    သောက်သုံးရေရရှိရေးလုပ်ငန်း၊

(စ )    လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း၊

(ဆ)    ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၊

(ဇ )    သာသနာရေးလုပ်ငန်း၊

(စျ)     အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း။

၁၀။    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဦးစီးဌာန (ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများအား အောက်ပါအတိုင်းဖွဲ့စည်း ထားပါသည်-

တိုင်းဒေသကြီး/ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများ

စဉ်

ဒေသ

ပြည်နယ်/တိုင်းဒေသကြီး

ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး

ပြည်နယ်

ခွဲရုံး

ခရိုင် ဖွံ့ဖြိုးမှု

ကြီးကြပ်ရေးရုံး

မြို့နယ် ဖွံ့ဖြိုးမှု

ကြီးကြပ်ရေးရုံး

မြစ်ကြီးနား

 

တောင်ကြီး

၁၀

၁၈

လွိုင်ကော်

 

ဘားအံ

 

မော်လမြိုင်

 

ထားဝယ်

 

စစ်တွေ

 

မုံရွာ

 

ဟားခါး

 

၁၀

မိတ္ထီလာ

 

 

 

၁၁

ရန်ကုန်

     

၁၂

ပျဉ်းမနား

 

 

 

 

စုစုပေါင်း

၃၁

၆၄

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန

     နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အခြေခံပညာနှင့် အဆင့်မြင့်ပညာရပ်များ ပိုမိုသင်ကြားလေ့ကျင့်ပေးပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး၌ တာဝန်ထမ်းဆောင်နိုင်မည့် တိုင်းရင်းသား လူငယ်အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာအောင် ပြုစုပျိုးထောင်သင်ကြား လေ့ကျင့်ပေးရန် နှင့် နယ်စပ်ဒေသရှိ အမျိုးသမီးငယ်များအား အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာရပ်များ တတ်မြောက် စေရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအား ၃၀-၆-၁၉၉၉ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဦးစီးဌာနအား အောက်ပါ အတိုင်းဖွဲ့စည်းထားပါသည်-

(က)    ဦးစီးဌာန (ရုံးချုပ်)၊

(ခ )    ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊

(ဂ )    ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ၊

( ဃ)   ဗဟိုလေ့ကျင့်ရေးကျောင်း၊

(င )    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(၄၅)ကျောင်း၊

(စ )    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(၉)ကျောင်း၊

(ဆ)    အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(၄၅)ကျောင်း။

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)

နောက်ခံသမိုင်း

     တော်လှန်ရေးကောင်စီ၏ ၅-၂-၁၉၆၄ ရက်နေ့တွင် ကျင်းပခဲ့သော(၆၅) ကြိမ်မြောက် အစည်းအဝေးက တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးကို အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို  ၂၀-၁၀-၁၉၆၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
     ၁၉၉၁ ခုနှစ်၊ မေလ (၂) ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁၈/၉၁)အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌရုံး၏ ၁၀-၅-၁၉၉၁ ရက်စွဲပါ စာအမှတ်၊ ၀၁/နဝတ(ဥ) စဝ-၁၈ ဖြင့် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့ပြီး အရာထမ်း (၁၁၂)၊ အမှုထမ်း (၄၀၀)ဦး၊ စုစုပေါင်း (၅၁၂)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
     ၁-၄-၂၀၁၂ ရက်နေ့တွင် တက္ကသိုလ်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ လွှဲပြောင်း ရယူပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သင်ကြားလေ့ကျင့်မှု လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရေးအတွက် ၁၅-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅) ခွင့်ပြုချက်အရ အရာထမ်း (၁၈၇)ဦး၊ အမှုထမ်း (၃၆၄) ဦး၊ စုစုပေါင်း (၅၅၁)ဦးဖြင့် တက္ကသိုလ်ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

တည်နေရာ၊ အကျယ်အဝန်း

     ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် စစ်ကိုင်း မြို့မှ(၂၂)မိုင် ကွာဝေးသည့်မန္တလေး-စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်ရှိ နတ်ခရိုင်ကျေးရွာ၏ တောင်ဘက်(၄)မိုင်ခန့်ကွာဝေးသောရွာသစ်ကြီးမြေပုံညွှန်း(အက်ဖ်-၂၅၂၆၁၉)ဖြစ်ပြီး ကွင်းအမှတ် (၈၅၀/၈၅၁)ဦးပိုင်အမှတ်၊ ၉၆/၄၂/၁၃၈တွင်တည်ရှိပါသည်။ တက္ကသိုလ်၏မြေအကျယ်အဝန်း မှာ ၃၉၃.၉၀ ဧက ကျယ်ဝန်းပါသည်။

ရည်ရွယ်ချက်

     ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ရည်ရွယ်ချက် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသား အချင်းချင်းပိုမိုစည်းလုံး ချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များ ဖြစ်လာစေရန်၊
      ( ခ)    ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေး ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်၊
      ( ဂ)    နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် ဦးဆောင်နိုင်စွမ်းရည် မြှင့်တင်ရန်၊
    (ဃ)    ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးမှုလုပ်ငန်းများအောင်မြင်မှုကို ရှေးရှု၍ သုတေသနလုပ်ငန်းများဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်၊
    ( င)    ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတည်းဟူသောဒို့တာဝန်အရေးသုံးပါးကိုသက်ဝင်ယုံကြည်၍ ထိန်းသိမ်း စောင့်ရှာက်သော လူငယ်များ ဖြစ်လာစေရန်။

ပေးအပ်ချီးမြှင့်သည့်ဘွဲ့

     ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)တွင် ပေးအပ် ချီးမြှင့်သည့် ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
    (က)    မဟာပညာရေးဘွဲ့    ၂ နှစ်    မဟာပညာရေးဘွဲ့(M.Ed)
    ( ခ )    ပညာရေးဘွဲ့    ၅ နှစ်    ပညာရေးဘွဲ့(B.Ed)

ဖွင့်လှစ်ထားရှိသော ဘာသာရပ်ဆိုင်ရာ ဌာနများ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)တွင်အောက်ပါ အတိုင်း ဘာသာရပ်ဌာန(၂၁)ခု ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်-
    (က)    ပညာရေးသဘောတရားဌာန
    ( ခ )     ပညာရေးစိတ်ပညာဌာန
    ( ဂ )     သင်ပြနည်းဌာန
    (ဃ)     မြန်မာစာဌာန
    ( င )     အင်္ဂလိပ်စာဌာန
    ( စ )     သင်္ချာဌာန
    (ဆ)     သမိုင်းဌာန
    ( ဇ )     ပထဝီဝင်ဌာန
    ( ဈ)     စီးပွားရေးပညာဌာန
    (ည)     ဓာတုဗေဒဌာန
    ( ဋ )     ရူပဗေဒဌာန
    ( ဌ )     ဇီဝဗေဒဌာန
    ( ဍ )     ကွန်ပျူတာသိပ္ပံဌာန
    ( ဎ )     ကာယပညာဌာန
    (ဏ)     ပန်းချီအနုပညာဌာန
    (တ)     ဂီတအနုပညာဌာန
    (ထ)     အိမ်တွင်းမှုသိပ္ပံဌာန
    ( ဒ )     စက်မှု၊ လက်မှုဌာန
    ( ဓ )     တိုင်းရင်းဘာသာနှင့်ယဉ်ကျေးမှုဌာန
    ( န )     စိုက်ပျိုးမွေးမြူရေးဌာန
    ( ပ )     စာရိတ္တပညာဌာန

တာဝန်ပေးခန့်အပ်မှု 

     ကျောင်းဆင်းကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာ ကျောင်းများတွင် အထက်တန်းပြရာထူးဖြင့် တာဝန်ပေးခန့်အပ်လျက်ရှိပါသည်။

     ကျောင်းသား၊ ကျောင်းသူတစ်ဦး ထောက်ပံ့ပေးမှုအခြေအနေ

    (က)    စားစရိတ် ထောက်ပံ့ခြင်း

        (၁)    ဆန်        -    ၂.၂၅    ဗူး
        (၂)    ဆီ        -    ၂.၂၅    ကျပ်သား
        (၃)    ပဲ        -    ၅.၀၀    ကျပ်သား
        (၄)    ဆား        -    ၀.၅    ကျပ်သား
        (၅)    ရိက္ခာစို (၁)ရက်            ၇၅ဝိ/ -    နှုန်း
        (၆)    အာဟာရပြည့်ဖြည့်စွက်စာ        ၅၇ဝိ/ -    နှုန်း

    ( ခ )    ဝတ်စုံ ထောက်ပံ့ခြင်း

        ( ၁)    တိုက်ပုံ/ဆာဖာရီ        -    ၁    ထည်
        ( ၂)    ပုဆိုး/လုံချည်        -    ၂    ထည်
        ( ၃)    ရှပ်အင်္ကျီဖြူ/ရင်ဖုံး(လက်ရှည်)    -    ၁    ထည်
        ( ၄)    ညှပ်ဖိနပ်        -    ၁    ရံ
        ( ၅)    တီရှပ်        -    ၂    ထည်
        ( ၆)    ဘောင်းဘီရှည်        -    ၁    ထည်
        ( ၇)    ကင်းဘတ်ဖိနပ်        -    ၁    ရံ
        ( ၈)    ခြေအိတ်        -    ၁    စုံ
        (၉ )    လက်ဆွဲအိတ်        -    ၁    လုံး

    ( ဂ )        အိပ်ယာအသုံးအဆောင်ပစ္စည်း  ထောက်ပံ့ခြင်း

        (၁)    ခြင်ထောင်        -    ၁    လုံး
        (၂)    ခေါင်းအုံး        -    ၁    လုံး
        (၃)    ခေါင်းအုံးစွပ်        -    ၁     ခု
        (၄)    မွေ့ယာ        -    ၁    ခု
        (၅)    အိပ်ယာခင်းဖြူ        -    ၁    ခု
        (၆)    ခြုံစောင်        -    ၁    ထည်
        (၇)    ဂွမ်းကပ်        -    ၁    ခု        
        (၈)    မျက်နှာသုတ်ပဝါ        -    ၁    ထည်
 
    (ဃ)    ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ ထောက်ပံ့ခြင်း

        (၁)    ကွန်ပါဘူး        -    ၁    ဘူး
        (၂)    ဗလာစာအုပ်        -    ၆    ဒါဇင်
        (၃)    ဘောပင်        -    ၁    ဒါဇင်
        (၄)    ခဲတံ        -    ၆    ချောင်း
        (၅)    ပေတံ        -    ၂    ချောင်း
        (၆)    ကျူတိုရီရယ်စာအုပ်    -    ၁    ဒါဇင်

    ( င )    ကျောင်းသားမုန့်ဖိုး (တစ်လ)    -    ၃၀၀ဝိ/-    နှုန်း    

သင်တန်းသား၊ သင်တန်းသူများ၏ တစ်နေ့တာ လေ့ကျင့်ရေး အချိန်ဇယား


၁။    ၀၅:၀၀    နာရီ             အိပ်ရာထချိန်
၂။    ၀၅:၄၀    နာရီ မှ     ၀၆:၂၀    နာရီအထိ    စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်ခြင်း
၃။    ၀၆:၂၀    နာရီ မှ     ၀၇:၀၀    နာရီအထိ    ကိုယ်ပိုင်အချိန် (ရေချိုး/ တန်းစီရန်ပြင်ဆင်)
၄။    ၀၇:၀၀    နာရီ မှ    ၀၇:၃၀    နာရီအထိ         နံနက်စာ စားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
၅။    ၀၇:၃၀    နာရီ မှ    ၀၈:၀၀    နာရီအထိ        တန်းစီ၊  လူစစ်၊ ကျောင်းသား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုချိန်
၆။    ၀၈:၀၀    နာရီ မှ    ၁၁:၃၀    နာရီအထိ         နံနက်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်
၇။    ၁၁:၃၀    နာရီ မှ    ၁၂:၃၀    နာရီအထိ    နေ့လယ်စာ စားသောက်ချိန်(ထမင်းစားသစ္စာဆိုရန်)
၈။    ၁၂:၃၀    နာရီ မှ    ၁၅:၁၀    နာရီအထိ         နေ့လယ်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်
၉။    ၁၅:၁၀    နာရီ မှ    ၁၆:၀၀    နာရီအထိ         ကိုယ်ပိုင်အချိန်
၁၀။    ၁၆:၀    ၀    နာရီ မှ    ၁၇:၀၀    နာရီအထိ        စိုက်ပျိုးရေးဆောင်ရွက်ခြင်း၊ အားကစားဆောင်ရွက်ခြင်းလက်တွေ့ဆောင်ရွက်ခြင်း
၁၁။    ၁၇:၀၀     နာရီ မှ    ၁၈:၀၀    နာရီအထိ        ကိုယ်ပိုင်အချိန်
၁၂။    ၁၈:၀၀    နာရီ မှ    ၁၈:၃၀    နာရီအထိ         ညနေစာစားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
၁၃။    ၁၈:၃၀    နာရီ မှ    ၁၉:၀၀    နာရီအထိ         စာကြည့်ရန် ပြင်ဆင်ချိန်
၁၄။    ၁၉:၀၀    နာရီ မှ    ၂၁:၀၀    နာရီအထိ         ညစာကြည့်ချိန်၊ လေ့ကျင့်ချိန်
၁၅။    ၂၁:၀၀    နာရီ မှ    ၂၂:၀၀    နာရီအထိ         ကိုယ်ပိုင်အချိန်၊ တန်းစီလူစစ်ချိန်
၁၆။    ၂၂:၀၀    နာရီ                     မီးပိတ်ချိန်/ ညအိပ်ချိန်
ရှင်းလင်းချက်။    (၁)    နံနက်စာသင်ချိန်၊ နေ့လယ်စာသင်ချိန်၊ ညစာကြည့်ချိန်များတွင် စာသင်ခန်း တွင်းသို့ ၁၀ မိနစ် ကြိုတင်ဝင်ရောက် နေရာယူရန်ဖြစ်သည်။
        (၂)    ဒုတိယပတ် အင်္ဂါနေ့မှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၀၇:၃၀ နာရီ အချိန်တွင် ဝတ်စားဆင်ယင်မှု စစ်ဆေးသွားမည် ဖြစ်ပါသည်။
        (၃)    နံနက်ပိုင်း စာသင်ချိန်တစ်ချိန်လျှင် မိနစ် ၅၀ ဖြင့် ၄ ချိန်နှင့် နေ့လည်ပိုင်း စာသင်ချိန် ၃ ချိန်ဖြစ်ပြီး  ၂ ချိန်ပြီးလျှင် အတန်းကူးပြောင်းချိန် ၁၀ မိနစ် ပါဝင်ပါသည်။

 


 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ 
ကျောင်းသမိုင်း


    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ၁၇-၆-၁၉၉၉ ရက်နေ့တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၉၉)ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ တင်ပြခဲ့ရာ ၃ဝ-၆-၁၉၉၉ ရက်နေ့၊ စာအမှတ်၂၁/ ၉၉၊ အဖရ ၉၉ (၇၂)ဖြင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းပုံခွင့်ပြု၍ ၃ဝ-၆-၁၉၉၉ ရက်နေ့တွင် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၎င်းနောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန် နှင့်မန္တလေး)ကို ၂ဝဝဝ-၂ဝဝ၁ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)ကို ၁၅-၆-၂၀၀၀ ရက်နေ့တွင် ကမာရွတ် ဘူတာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၅-၇-၂၀၀၅ ရက်နေ့တွင် အကွက်အမှတ်(၃၃၈၃)၊ အမှတ် ၆၁ ရပ်ကွက်၊ စစ်တောင်းလမ်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။

တည်နေရာ/အကျယ်အဝန်း


    အကွက်အမှတ်(၃၃၈၃)၊ အမှတ် ၆၁ ရပ်ကွက်၊ စစ်တောင်းလမ်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်  တည်ရှိပြီး ၃၁.၅၁၆ ဧက ကျယ်ဝန်းပါသည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၄-၉-၂၀၀၂ ရက်စွဲပါ စာအမှတ် မခ/ မသ/ ၃၆ အယ်-၂၀၀၂ (၂၀၃၆)ဖြင့် မြေအသုံးချခွင့်ရရှိပြီးဖြစ်ပါသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၊
 ကျောင်းသမိုင်း

    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက၁၇-၆-၁၉၉၉ရက်နေ့တွင် ကျင်းပပြုလုပ်သော  ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၉၉)ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ တင်ပြခဲ့ရာ ၃ဝ-၆-၁၉၉၉ ရက်နေ့၊ စာအမှတ်၂၁/ ၉၉၊ အဖရ ၉၉ (၇၂)ဖြင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းပုံခွင့်ပြု၍ ၃ဝ-၆-၁၉၉၉ ရက်နေ့တွင် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၎င်းနောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့်မန္တလေး)ကို  ၂ဝဝဝ-၂ဝဝ၁ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။
    နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(မန္တလေး)ကို ၁၂-၇-၂၀၀၀ ရက်နေ့မှ ၁၄-၉-၂၀၁၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ၁၄-၁၁-၂၀၁၂ ရက်နေ့တွင် ၎င်းနေရာရှိ မြေနှင့်အဆောက်အအုံများကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။  ၁-၁၀-၂၀၁၂ ရက်နေ့မှစ၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဝင်း အတွင်းသို့ ခေတ္တပြောင်းရွှေ့၍ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(စစ်ကိုင်း)အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။
    ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)အား သီးခြားဖွင့်လှစ်နိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာ ကားလမ်းမကြီးဘေး အုန်းတောကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ်(၂၆/၂)မှ (၂၆/၄)ရှိ မြေဧရိယာ ၆၁.၉၃ ဧကတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်စ၍ ယနေ့အထိ ဖွင့်လှစ်လျက်ရှိပါသည်။ 

တည်နေရာ/အကျယ်အဝန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာကားလမ်းမကြီးဘေး အုန်းတော ကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ်(၂၆/၂)မှ (၂၆/၄)တွင် တည်ရှိပြီး မြေဧရိယာ ၆၁.၉၃ ဧက ကျယ်ဝန်း ပါသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)
သင်တန်းသား၊ သင်တန်းသူများ၏ တစ်နေ့တာ လေ့ကျင့်ရေး အချိန်ဇယား

၁။    ၀၅:၀၀    နာရီ             အိပ်ရာထချိန်
၂။    ၀၅:၄၀    နာရီ မှ     ၀၆:၂၀    နာရီအထိ    စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်ခြင်း
၃။    ၀၆:၂၀    နာရီ မှ     ၀၇:၀၀    နာရီအထိ    ကိုယ်ပိုင်အချိန် (ရေချိုး/ တန်းစီရန်ပြင်ဆင်)
၄။    ၀၇:၀၀    နာရီ မှ    ၀၇:၃၀    နာရီအထိ         တန်းစီ၊  လူစစ်၊ ကျောင်းသား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုချိန်    
၅။    ၀၇:၃၀    နာရီ မှ    ၀၈:၀၀    နာရီအထိ         နံနက်စာ စားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
၆။    ၀၈:၀၀    နာရီ မှ    ၁၁:၄၅    နာရီအထိ         နံနက်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်
၇။    ၁၁:၄၅    နာရီ မှ    ၁၂:၃၀    နာရီအထိ    နေ့လယ်စာစားသောက်ချိန်(ထမင်းစားသစ္စာဆိုရန်)
၈။    ၁၂:၃၀    နာရီ မှ    ၁၅:၃၀    နာရီအထိ         နေ့လယ်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်
၉။    ၁၅:၃၀    နာရီ မှ    ၁၆:၀၀    နာရီအထိ         ကိုယ်ပိုင်အချိန်
၁၀။    ၁၆:၀    ၀    နာရီ မှ    ၁၇:၀၀    နာရီအထိ        စိုက်ပျိုးရေးဆောင်ရွက်ခြင်း၊ အားကစားဆောင်ရွက်ခြင်း
၁၁။    ၁၇:၀၀     နာရီ မှ    ၁၈:၀၀    နာရီအထိ        ကိုယ်ပိုင်အချိန်
၁၂။    ၁၈:၀၀    နာရီ မှ    ၁၈:၃၀    နာရီအထိ         ညနေစာစားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
၁၃။    ၁၈:၃၀    နာရီ မှ    ၁၉:၀၀    နာရီအထိ         စာကြည့်ရန် ပြင်ဆင်ချိန်
၁၄။    ၁၉:၀၀    နာရီ မှ    ၂၁:၀၀    နာရီအထိ         ညစာကြည့်ချိန်၊ လေ့ကျင့်ချိန်
၁၅။    ၂၁:၀၀    နာရီ မှ    ၂၂:၀၀    နာရီအထိ         ကိုယ်ပိုင်အချိန်၊ တန်းစီလူစစ်ချိန်
၁၆။    ၂၂:၀၀    နာရီ                     မီးပိတ်ချိန်/ ညအိပ်ချိန်
ရှင်းလင်းချက်။    (၁)    နံနက်စာသင်ချိန်၊ နေ့လယ်စာသင်ချိန်၊ ညစာကြည့်ချိန်များတွင် စာသင်ခန်းတွင်းသို့ ၁၀ မိနစ် ကြိုတင်ဝင်ရောက် နေရာယူရန်ဖြစ်သည်။
        (၂)    ဒုတိယပတ် အင်္ဂါနေ့မှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၀၇:၀၀ နာရီ အချိန်တွင် ဝတ်စားဆင်ယင်မှု စစ်ဆေးသွားမည် ဖြစ်ပါသည်။    
        (၃)    စာသင်ချိန်တစ်ချိန်လျှင် ၄၅ မိနစ်ဖြင့် နံနက်ပိုင်း ၅ ချိန်၊ ညနေပိုင်း ၄ ချိန်  သင်ကြားရန် ဖြစ်ပါသည်။    
 

 ပေးအပ်ချီးမြှင့်သည့်ဘွဲ့များ


    အောက်ပါအတိုင်းဘွဲ့နှင့် ဒီပလိုမာအောင်လက်မှတ်များချီးမြှင့်ပါသည်-
    ၁။    ဝိဇ္ဇာဘွဲ့ (B.A.)     -    ၄  နှစ်        
        (က)    B.A(Myanmar)
        (ခ)    B.A (History)    
        (ဂ)    B.A(Geography)
    ၂။     သိပ္ပံဘွဲ့ (B.Sc)      -  ၄  နှစ်
        (က)   B.Sc (Physics)        
        (ခ)   B.Sc (Maths)    
        (ဂ)   B.Sc (Chemistry)
    ၃။    အေဂျီတီအိုင်ဒီပလိုမာ(AGTI)     -  ၃  နှစ်    
        (က)    မြို့ပြ 
        (ခ)     စက်မှု
        (ဂ)     လျှပ်စစ် စွမ်းအား    
        (ဃ)     အီလက်ထရောနစ် 
    ၄။    ကွန်ပျူတာ (Certificate) 

ကျောင်းသား၊ ကျောင်းသူတစ်ဦးအတွက် ထောက်ပံ့မှုအခြေအနေ

၁။    စားစရိတ်ထောက်ပံ့ခြင်း
    ဆန်    -    ၂.၂၅     ဘူး        
    ဆီ    -    ၂.၂၅     ကျပ်သား        
    ပဲ    -     ၅.၀၀     ကျပ်သား        
    ဆား    -      ဝ.၅၀     ကျပ်သား        
    ရိက္ခာစို(၁)ရက်    -    ၇၅ဝိ/-
    အာဟာရပြည့်ဖြည့်စွက်စာ    -    ၅၇ဝိ/-
၂။    ဝတ်စုံထောက်ပံ့ခြင်း    
    တိုက်ပုံ/ ဆာဖာရီ    -    ၁     ထည်    
    ပုဆိုး/ လုံချည်    -    ၂     ထည်    
    လည်ကတုံး(လက်ရှည်)/ရင်ဖုံး(လက်ရှည်)    -    ၂     ထည်
    တီရှပ်    -    ၂     ထည်
    ဘောင်းဘီရှည်    -    ၁     ထည်
    လက်စွဲအိတ်    -    ၁     လုံး
    ညှပ်ဖိနပ်    -    ၁     ရံ
    ကင်းဘတ်ဖိနပ်    -    ၁     ရံ    
    ခြေအိတ်    -    ၁     စုံ        
၃။    အိပ်ယာပစ္စည်းထောက်ပံ့ခြင်း
    ခြင်ထောင်    -        ၁     လုံး
    ခေါင်းအုံး    -        ၁     လုံး
    ခေါင်းအုံးစွပ်    -        ၁     ခု
    မွေ့ယာ    -        ၁     ခု
    အိပ်ယာခင်းဖြူ    -        ၁     ထည်
    ခြုံစောင်    -        ၁     ထည်
    ဂွမ်းကပ်    -        ၁     ခု    
    မျက်နှာသုတ်ပုဝါ    -        ၁     ထည်
၄။    စာရေးကိရိယာထောက်ပံ့ခြင်း
    ကွန်ပါဘူး    -        ၁     ဘူး
    ဗလာစာအုပ်    -    ၆     ဒါဇင်
    ဘောပင်    -        ၁     ဒါဇင်
    ခဲတံ    -        ၆     ချောင်း    
    ပေတံ    -        ၂     ချောင်း
    ကျူတိုရီရယ်စာအုပ်    -        ၁         ဒါဇင်
၅။    ကျောင်းသားမုန့်ဖိုး (၁)လ     -    ၃ဝဝဝိ/-    နှုန်း
 

 

 

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)

ဗဟိုလေ့ကျင့်ရေးကျောင်း


နောက်ခံသမိုင်း

      ဗဟိုလေ့ကျင့်ရေးကျောင်းအား ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသို့ မလွှဲပြောင်းခင် အထိစည်ပင်သာယာရေးသင်တန်းကျောင်းအဖြစ် ၁၆-၂-၁၉၉၈ ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ပြီးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက စည်ပင်သာယာရေးဦးစီးဌာနထံမှ ၃၀-၆-၁၉၉၉ ရက်နေ့တွင် လွှဲပြောင်း လက်ခံရယူ၍ ဗဟိုလေ့ကျင့်ရေးကျောင်း အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ 

တည်နေရာ၊ အကျယ်အဝန်း

      ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၁)ရပ်ကွက်၊ မြဝတီ မင်းကြီးလမ်းတွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်းမှာ  ၁၀ ဧက ဖြစ်ပါသည်။ 

ရည်ရွယ်ချက်

     ဗဟိုလေ့ကျင့်ရေးကျောင်းအား အောက်ပါ ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားရှိပါသည်-
    (က)    နယ်စပ်ရေးရာဝန်ကြီးဌာနရှိဦးစီးဌာန ၂ခုနှင့် အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်း များမှ အရာထမ်း၊ အမှုထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် ဝန်ထမ်းကောင်းများ ဖြစ်စေရန်၊
    ( ခ)    အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် မိမိတို့၏ ရာထူး အဆင့်နှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ 
    ( ဂ)    တာဝန်ယူရမည့်အဖွဲ့အစည်း၏ ဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များသိရှိပြီးလုပ်ငန်း တာဝန်များအား  အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်။

ဖွင့်လှစ်ပို့ချပေးသည့် သင်တန်းများ

      နယ်စပ်ရေးရာဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာန(၂)ခုနှင့် အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများအား ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင် ရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန် ၁၉၉၈ ခုနှစ်မှစ၍ ယနေ့အထိ သင်တန်းသား ၆၂၁၅ ဦး၊ သင်တန်းသူ ၁၀၄၁၅ ဦး၊ စုစုပေါင်း ၁၆၆၃၀ ဦးဖြင့် သင်တန်းအကြိမ်ပေါင်း ၄၀၂ ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ 
        ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း အောက်ပါသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြား ပို့ချပေးလျက်ရှိပါသည်-
        စဉ်    သင်တန်းအမည်        
        (က)    အဆင့်မြင့်အရာထမ်းများ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်းသင်တန်း
        ( ခ)    ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ     ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် ဆိုင်ရာခေါင်းဆောင်မှုသင်တန်း
        ( ဂ)    စီမံခန့်ခွဲရေးသင်တန်း
        (ဃ)    စာရေးဝန်ထမ်းသင်တန်း    
        ( င)    အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း    
        ( စ)    ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း     
        (ဆ)    စက်ကြီးပန်းထိုးသင်တန်း        
        ( ဇ)    ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်း
        ( ဈ)    ပစ္စည်းထိန်းသင်တန်း    
        (ည)    သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်း        
        ( ဋ)    ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားသင်တန်း        
        ( ဌ)    အထည်ချုပ်သင်တန်း

သင်တန်းဆင်းအရည်အချင်း သတ်မှတ်ရေးကော်မတီ

     အောက်ပါအတိုင်းဖြစ်ပါသည် -

(က)

ညွှန်ကြားရေးမှူးချုပ်

ပညာ/လေ့ကျင့်ဦးစီးဌာန

ဥက္ကဋ္ဌ

(ခ)

ညွှန်ကြားရေးမှူးချုပ်

နယ်စပ်ဦးစီးဌာန

အဖွဲ့ဝင်

(ဂ)

ဒုတိယညွှန်ကြားရေးမှူးချုပ်

ပညာ/လေ့ကျင့်ဦးစီးဌာန

အဖွဲ့ဝင်(အခြေခံ)

(ဃ)  ဒုတိယညွှန်ကြားရေးမှူးချု ပညာ/လေ့ကျင့်ဦးစီးဌာန အဖွဲ့ဝင်(အဆင့်မြင့်) 
 (င) ဒုတိယညွှန်ကြားရေးမှူးချုပ်  နယ်စပ်ဦးစီးဌာန အဖွဲ့ဝင်
(စ) ညွှန်ကြားရေးမှူး(အဆင့်မြင့်)   ပညာ/လေ့ကျင့်ဦးစီးဌာန အဖွဲ့ဝင်
(ဆ)   ဌာနကိုယ်စားလှယ် ကျေးလက်ဦးစီဌာန အဖွဲ့ဝင်
(ဇ)  ကျောင်းအုပ်ကြီး ဗဟိုလေ့ကျင့်ရေးကျောင်း အတွင်းရေးမှူး 
(ဈ)  ညွှန်ကြားရေးမှူး(စီမံ) ပညာ/လေ့ကျင့်ဦးစီးဌာန တွဲဖက်အတွင်းရေးမှူး

 

သင်တန်းသား၊ သင်တန်းသူများ၏ တစ်နေ့တာ လေ့ကျင့်ရေးအချိန်ဇယား

    ၁။    ၀၅:၀၀ နာရီ        အိမ်ရာထချိန်
    ၂။    ဝ၅:၄ဝ နာရီ မှ    ဝ၆:၂ဝ နာရီအထိ    စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးပြုလုပ်ခြင်း
    ၃။    ဝ၆:၂ဝ နာရီ မှ    ဝ၇:ဝဝ နာရီအထိ    ကိုယ်ပိုင်အချိန်(ရေချိုး/တန်းစီရန်ပြင်ဆင်)
    ၄။    ဝ၇:ဝဝ နာရီ မှ    ၀၇:၃ဝ နာရီအထိ    တန်းစီ၊လူစစ်၊ပြည်သူ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်ရွတ်ဆိုချိန်
    ၅။    ဝ၇:၃ဝ နာရီ မှ    ၀၈:၀ဝ နာရီအထိ    နံနက်စာ စားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
    ၆။    ၀၈:၀ဝ နာရီ မှ    ၁၁:၁ဝ နာရီအထိ    နံနက်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်
    ၇။    ၁၁:၁ဝ နာရီ မှ    ၁၂:၀ဝ နာရီအထိ    နေ့လယ်စာ စားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
    ၈။    ၁၂:၀ဝ နာရီ မှ    ၁၅:၁ဝ နာရီအထိ    နေ့လယ်ပိုင်း စာသင်ချိန်၊ လေ့ကျင့်ချိန်
    ၉။    ၁၅:၁၀ နာရီ မှ    ၁၆:၀၀ နာရီအထိ     ကိုယ်ပိုင်အချိန်    
    ၁၀။    ၁၆:၀ဝ နာရီ မှ    ၁၇:၀ဝ နာရီအထိ     စိုက်ပျိုးရေးဆောင်ရွက်ခြင်း၊ အားကစား ဆောင်ရွက်ခြင်း၊
၁၁။        ၁၇:၀၀ နာရီ မှ    ၁၈:၀ဝ နာရီအထိ    ကိုယ်ပိုင်အချိန်
၁၂။        ၁၈:ဝဝ နာရီ မှ    ၁၈:၃ဝ နာရီအထိ    ညနေစာ စားသောက်ချိန် (ထမင်းစားသစ္စာဆိုရန်)
၁၃။        ၁၈:၃၀ နာရီ မှ    ၁၉:၀၀ နာရီအထိ    စာကြည့်ရန် ပြင်ဆင်ချိန်
၁၄။        ၁၉:၀၀ နာရီ မှ    ၂၁:၀၀ နာရီအထိ    ညစာကြည့်ချိန်၊ လေ့ကျင့်ချိန်
၁၅။        ၂၁:ဝဝ နာရီ မှ    ၂၂:၀၀ နာရီအထိ     ကိုယ်ပိုင်အချိန်၊ တန်းစီလူစစ်ချိန် 
၁၆။        ၂၂:၀၀ နာရီ          မီးပိတ်ချိန်/ညအိပ်ချိန်    

ဗဟိုလေ့ကျင့်ရေးကျောင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (၄၅) ကျောင်း

 

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(၉)ကျောင်း

 

မှတ်ချက်။     နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း (ပန်ဆန်း) နှင့် (မိုင်းလား) တို့သည် နယ်မြေဒေသ အခြေအနေအရ သင်တန်းဖွင့်လှစ်ခြင်း ခေတ္တရပ်နားထားပါသည်။

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၅) ကျောင်း

 

 

 

Website လိပ်စာ

www.moba.gov.mm