ပညာရေးဝန်ကြီးဌာန
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- ကာကွယ်ရေးဝန်ကြီးဌာန
- ပြည်ထဲရေးဝန်ကြီးဌာန
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- နိုင်ငံခြားရေးဝန်ကြီးဌာန
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)
- နယ်စပ်ရေးရာဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- ဥပဒေရေးရာဝန်ကြီးဌာန
- ပြန်ကြားရေးဝန်ကြီးဌာန
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန
- သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပညာရေးဝန်ကြီးဌာန
မြန်မာ့ပညာရေးသမိုင်း
မြန်မာနိုင်ငံ၏ ပညာရေးသည် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ရပ်ရွာဒေသအလိုက်တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများတွင် တက်ရောက်သင်ယူခွင့် ရရှိခဲ့ကြသည်။ ဗြိတိသျှအစိုးရက ၁၈၆၆ခုနှစ်မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် ပညာရေးဌာနကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးသင်ကြားမှုပုံစံမှ အတန်းသင်ပညာရေး သင်ကြားမှု ပုံစံသို့ စတင်ပြောင်းလဲခဲ့ပါသည်။ ၁၈၈၄ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၂၅ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ၁၈၇၆ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (နောမန်ကျောင်း)ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေးဌာနမှ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၃၁ခုနှစ်တွင် ဆရာဖြစ်သင်ကောလိပ်ကို ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၄၇ခုနှစ်တွင် နိုင်ငံတော် ဆရာအတတ်သင်သိပ္ပံကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းကိုရေးဆွဲပြီး ၁၉၅၂ခုနှစ်မှစ၍ ၄နှစ်စီမံကိန်းများချမှတ် အကောင်အထည်ဖော်ခဲ့သည်။ လူထုပညာရေး စီမံကိန်းအရ အရေး၊ အဖတ်၊ အတွက် အခြေခံတတ်မြောက်ရေးအတွက် "အ" သုံးလုံး သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့ပါသည်။ ၁၉၆၂ခုနှစ် မတိုင်မီ ဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှု ရေးသိပ္ပံ၊ သစ်တော စသည့် မဟာဌာနများကို တက္ကသိုလ်များတွင် ဖွဲ့စည်းပြီး အထူးပြုဘာသာရပ် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ၁၉၆၂ ခုနှစ်မှစ၍ အချို့သော မဟာဌာနများကို သီးခြားတက္ကသိုလ်များအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။
၁၉၇၁ခုနှစ်မှစ၍ ပညာရေး ၄ နှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ အခြေခံပညာကဏ္ဍတွင် ပညာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲဆောင်ရွက်ခဲ့သည်။ ပညာရေးသုတေသန လုပ်ငန်းများ၊ ပညာရေး စစ်တမ်း ကောက်ယူလေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-၁၉၆၅ ခုနှစ်မှစ၍ သက်ကြီးစာတတ်မြောက်ရေး "အ"သုံးလုံး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။
၂၀ဝ၀-၂၀ဝ၁ ဘဏ္ဍာရေးနှစ်မှ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာရေးနှစ်အထိ အမျိုးသားပညာရည် မြင့်မားရေး အထူးလေးနှစ်စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသားပညာရည် မြင့်မားရေး အနှစ်(၃၀) နှစ်ရှည်စီမံကိန်းကို ၂၀ဝ၁-၂၀ဝ၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၃၀၃၁ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ခဲ့ကာ နှစ်တို(၅)နှစ် စီမံကိန်းကာလ(၆)ခု ပိုင်းခြား၍ အကောင်အထည်ဖော်လျက်ရှိပါသည်။
မျှော်မှန်းချက် (Vision)
အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များ မွေးထုတ်ရန်
(To foster a generation of highly educated and skilled individuals who lead with knowledge, expertise, innovation, and integrity.)
လုပ်ငန်းတာဝန် (Missions)
- နိုင်ငံသားတိုင်းအား အရည်အသွေးရှိသော ပညာသင်ကြားပေးရန်
(To deliver quality education to all citizens.)
- ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေး ဆောင်ရွက်ရန်
(To ensure that every child of school-going age has access to quality education, completing at least Kindergarten through Grade 9.)
- အရည်အသွေးရှိသော သင်ကြားသင်ယူမှုစနစ် မြှင့်တင်ရန်
(To promote quality teaching and learning.)
- ဘဝတစ်သက်တာလေ့လာသင်ယူမှု မြှင့်တင်ရန်
(To promote lifelong learning. )
- အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးရန်
(To encourage applied research and innovation.)
မူဝါဒများ (Policies)
- လူတိုင်းပညာသင်ယူမှုအခွင့်အလမ်းများမြှင့်တင်ရေး
- နိုင်ငံသားတိုင်း KG+9 ပြီးမြောက်အောင်မြင်ရေး
- သင်ရိုးညွှန်းတမ်းများ ပြုပြင်မွမ်းမံရေး
- ဆရာအရည်အသွေးမြှင့်တင်ရေး
- သင်ကြားသင်ယူမှုမြှင့်တင်ရေး
- စီမံခန့်ခွဲမှု အရည်အသွေးမြှင့်တင်ရေး
- နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပေါင်းစပ်သင်ကြားလေ့ကျင့်ရေး
- အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ အားပေး ဆောင်ရွက်ရေး
- သုတေသနနှင့် ဆန်းသစ်တီထွင်မှု အားပေးဆောင်ရွက်ရေး
- တက္ကသိုလ်များ နိုင်ငံတကာအဆင့်မီရေး
- အင်တာနက်နှင့် စာကြည့်တိုက်များ ပိုမိုအသုံးပြုလေ့လာရေး
- ဆရာ ဆရာမများအား ပိုမိုချီးမြှင့်ထောက်ပံ့ရေး
- ပုဂ္ဂလိကပညာရေး အားပေးရေး
စံတန်ဖိုးများ (Core Values)
- လူတိုင်းအကျုံးဝင်မှု
- ကျောင်းနေပျော်၍ စာတော်မှု
- စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအလေးထားမှု
- အကောင်းဆုံး သင်ကြားသင်ယူမှု
- ဘက်စုံပညာဖွံ့ဖြိုးမှု
- ဗလငါးတန်ဖွံ့ဖြိုးမှု
- စုပေါင်းဆောင်ရွက်တတ်မှု
- ဆန်းသစ်သောနည်းပညာများ လက်ခံမှု
ဖွဲ့စည်းပုံ
- ပြည်ထောင်စုဝန်ကြီးရုံး
- အဆင့်မြင့်ပညာဦးစီးဌာန
- ဆရာအတတ်ပညာဦးစီးဌာန
- ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန
- အခြေခံပညာဦးစီးဌာန
- မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
- မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန
- ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန
- လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန
- Naypyitaw State Acadamy
Website လိပ်စာ