သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- ကာကွယ်ရေးဝန်ကြီးဌာန
- ပြည်ထဲရေးဝန်ကြီးဌာန
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- နိုင်ငံခြားရေးဝန်ကြီးဌာန
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)
- နယ်စပ်ရေးရာဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- ဥပဒေရေးရာဝန်ကြီးဌာန
- ပြန်ကြားရေးဝန်ကြီးဌာန
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန
- သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ဖွဲ့စည်းဖြစ်ပေါ်လာပုံ
သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဤကဏ္ဍဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကဏ္ဍများ ဖြစ်သည့်အားလျော်စွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အမိန့်အမှတ် (၃၆/၉၆)ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပညာရေးဝန်ကြီးဌာနနှင့်ပေါင်းစည်းခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၁၃၈/၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
နိုင်ငံတော်၏ လုပ်ငန်းခွင်များတွင် အင်ဂျင်နီယာပညာရှင်၊ ဗိသုကာပညာရှင်၊ ကွန်ပျူတာ ပညာရှင်နှင့်သုတေသီများ စဉ်ဆက်မပြတ်ပြုစုပျိုးထောင်ပေးရန်အတွက် နည်းပညာတက္ကသိုလ် (၃၃)ခုနှင့် ကွန်ပျူတာတက္ကသိုလ်(၂၇)ခုတို့ကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ ကွပ်ကဲမှုဖြင့်လည်းကောင်း၊ ကျွမ်းကျင်လုပ်သားများနှင့်နည်းပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် သက်မွေးသင်တန်းကျောင်း(၇)ခု၊ နည်းပညာအထက်တန်းကျောင်း(၃၅) ခု၊ အစိုးရစက်မှုလက်မှု သိပ္ပံ(၂၅) ခု၊ အစိုးရနည်းပညာကောလိပ်(၃)ခုတို့ကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၏ကွပ်ကဲမှုဖြင့်လည်းကောင်း၊ အမျိုးသားအရည်အသွေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စံချိန်စံညွှန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာလွှဲပြောင်း ထောက်ပံ့ရေးတို့ ဆောင်ရွက်နိုင်ရေးအတွက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒြပ်ပစ္စည်းသိပ္ပံကဏ္ဍဖွံ့ဖြိုးရေးနှင့် မော်တော်ယာဉ်နည်းပညာဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတို့အတွက် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဆောင်ရွက်မှုများဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာများတွင် ဇီဝနည်းပညာဆိုင်ရာအထောက်အပံ့များ ဆောင်ရွက်နိုင်ရေးအတွက် ဇီဝနည်းပညာသုတေသနဦးစီးဌာန၏ အစီအမံများဖြင့်လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် ကုသရေးစင်တာများတွင် ဓာတ်ရောင်ခြည်အန္တရာယ်ကင်းရှင်းစေရေး၊ နျူကလီးယားနှင့်ဓာတ် ရောင်ခြည်ဆိုင်ရာသုတေသနများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဏုမြူစွမ်းအင်ဦးစီးဌာန၏ အကောင်ထည်ဖော်ဆောင်ရွက်မှုများဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနတစ်ခုလုံး၏ စီမံကိန်းနှင့်လုပ်ငန်းများအတွက် အရည်အသွေးအာမခံမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်ကာလအရ မဖြစ်မနေလိုအပ်မှုအား လေ့လာဆန်းစစ်အကဲဖြတ်ရေး ဦးစီးဌာန၏ လေ့လာဆန်းစစ်မှုများဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၇)ခု တို့ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။
မျှော်မှန်းချက်(Vision)
မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဆင့်သို့ ရောက်ရှိစေရန်အတွက် သိပ္ပံနှင့်နည်းပညာ လူသားအရင်းအမြစ်များကို အစွမ်းကုန်ပြုစုပျိုးထောင်ရေးနှင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန်။
ရည်မှန်းချက်(Mission)
- နိုင်ငံတော်အတွင်း ကျေးလက်၊ မြို့ပြ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာကဏ္ဍများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာစေရန်
- နိုင်ငံတကာအဆင့်မီ အရည်အချင်းပြည့်ဝသောသုတေသီများ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံအကျိုးပြု သုတေသနနှင့်နည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်
- သိပ္ပံနှင့်နည်းပညာကဏ္ဍအတွက် လူသားအရင်းအမြစ် ပြုစုပျိုးထောင်ပေးရန်နှင့် အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်များဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် လာစေရန်
ရည်ရွယ်ချက်
- အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်ရေးအတွက် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ၊ သုတေသန လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်
-
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝလာစေရေးအတွက် သဘာဝ အရင်းအမြစ်များကို သိပ္ပံနှင့်နည်းပညာအသုံးချ၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးဆောင်ရွက်ရန်
-
ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် အရည်အသွေးများ တိုးတက်မြင့်မားပြီး နိုင်ငံတကာ ဈေးကွက်တွင် ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်ရေးအတွက် သုတေသနရလဒ်များမှ နည်းပညာဖြန့်ဝေခြင်း၊ နည်းပညာ လွှဲပြောင်းခြင်းနှင့် နည်းပညာဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများဆောင်ရွက်ရန်
-
ကုန်ကြမ်းများနှင့်ထုတ်ကုန်များကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ အရည်အသွေးနှင့် အသိအမှတ်ပြုမှု လုပ်ငန်းများနှင့် စံချိန်စံညွှန်းသတ်မှတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်
-
သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု လုပ်ငန်းနယ်ပယ်များတွင် လိုအပ်သောသုတေသီများ ပြုစုပျိုးထောင်ပေးရန်
-
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင်ပေးရန်
-
နျူကလီးယားနှင့် ဓာတ်ရောင်ခြည်အသုံးချဆောင်ရွက်လျက်ရှိသော ကဏ္ဍအသီးသီးတွင် ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရေးနှင့် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေး ဖွံ့ဖြိုးတိုးတက်လာစေ၍ ပြည်သူလူထု၏ လူမှုစီးပွားဘဝမြှင့်တင်ပေးရန်
မူဝါဒ
-
ဒေသတွင်း သိပ္ပံနှင့်နည်းပညာသင်ယူနိုင်မှုအခွင့်အလမ်းများ တိုးတက်ရရှိလာခြင်းဖြင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မားပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊
-
သဘာဝအရင်းအမြစ်များကို သိပ္ပံနှင့်နည်းပညာအသုံးပြု၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်နှင့် ချမ်းသာကြွယ်ဝလာစေရန်၊
-
အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာ၊ စက်မှု၊ လေကြောင်းနှင့် အာကာသပညာ အစရှိသည့်ကဏ္ဍများတွင် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုစေရန်၊
-
ကုန်ကြမ်းများ၊ ထုတ်ကုန်များကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ ဂုဏ်သတ္တိများတိုင်းတာခြင်း၊ အရည်အသွေး နှင့်အသိအမှတ်ပြုလုပ်ငန်းများနှင့် စံချိန်စံညွှန်း သတ်မှတ်ပေးသည့်လုပ်ငန်းများ မြှင့်တင်ရန်၊
- နျူကလီးယားနည်းပညာဆိုင်ရာ သုတေသနနှင့် အသုံးချလုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ရန်နှင့် လူနှင့်သဘာဝပတ်ဝန်းကျင်အား ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊
- အရည်အချင်းပြည့်မီသော သုတေသီများ စဉ်ဆက်မပြတ်ပြုစုပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံတကာ အဆင့်မီသုတေသနနှင့် နည်းပညာများပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊
- နိုင်ငံတော်အတွက် တိုးတက်ပြောင်းလဲလာသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန်၊
- သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှု များကို စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန်၊
- သုတေသနနှင့်စီမံကိန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
- ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များနှင့်အညီ လိုအပ်လာမည့် နည်းပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန်။
လုပ်ငန်းတာဝန်များ
- သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှု လုပ်ငန်းများတွင် စွမ်းဆောင်နိုင်သူများ၊ သုတေသီများ ပေါ်ထွန်းလာစေရေးအတွက် စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် သုသေသနလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးအတွက် တိုက်ရိုက်အကျိုးပြုမည့် သုတေသနလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ခြင်း၊
- သုတေသနနနှင့်စီမံကိန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိတက္ကသိုလ်များ၊ ကောလိပ်များ၊ သုတေသန အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊
- ဒြပ်ပစ္စည်းသုတေသနလုပ်ငန်းများ၊ မော်တော်ယာဉ်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သတင်း အချက်အလက်နည်းပညာဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ပြန့်ပွားရေးအတွက် လိုအပ်သောအစီအမံ များချမှတ်ဆောင်ရွက်ခြင်း၊
- နိုင်ငံနှင့်လူသားအကျိုးပြု ဇီဝနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
- နျူကလီးယားနည်းပညာကို အသုံးပြုလျက်ရှိသည့် ကျန်းမာရေး၊ စီးပွားရေး၊ စက်မှုလုပ်ငန်းနှင့် သုတေသန လုပ်ငန်း စသည့်နယ်ပယ်များတွင် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်း ကြပ်မတ်မှုလုပ်ငန်းများ၊ သုတေသနနှင့် အသုံးချလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- ကုန်ကြမ်းများ၊ ထုတ်ကုန်များကို ဓာတ်ခွဲစမ်းသပ်၍ ဂုဏ်သတ္တိများတိုင်းတာခြင်း လုပ်ငန်းများ၊ အရည်အသွေးအာမခံမှုနှင့် အသိအမှတ်ပြုလုပ်ငန်းများ၊ စံချိန်စံညွှန်း သတ်မှတ်ပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊
- နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာပညာရပ်များအား သင်ယူလိုသူတိုင်း လွယ်လင့်တကူ သင်ယူနိုင်၍ နိုင်ငံအကျိုးပြုလုပ်ငန်းခွင်များအတွက် ကျွမ်းကျင်သူများဖြည့်ဆည်းပေးနိုင်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးဆောင်ရွက်ခြင်း၊
- သင်ယူလိုသူတိုင်း အဆင့်မြင့်သိပ္ပံနှင့်နည်းပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရေး၊ နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်းဝင်ငွေ မြင့်မားရေးကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဖြင့် အထောက်အကူပြုနိုင်စေရေး အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များပြုစုပျိုးထောင်ခြင်း၊
- သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ရလဒ်များ၊ လူ့စွမ်းအားအရင်း အမြစ်ပြုစုပျိုးထောင်မှုများ၊ နည်းပညာဆိုင်ရာဝန်ဆောင်မှုနှင့် လွှဲပြောင်းဖြန့်ဝေမှုများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးအာမခံမှုရှိစေရန် လေ့လာဆန်းစစ်အကဲဖြတ်ခြင်းများ ဆောင်ရွက်၍ သုံးသပ်ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်း။
Website လိပ်စာ
ဖွဲ့စည်းပုံ