ပညာရေးဝန်ကြီးဌာန
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- ကာကွယ်ရေးဝန်ကြီးဌာန
- ပြည်ထဲရေးဝန်ကြီးဌာန
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
- နိုင်ငံခြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)
- နယ်စပ်ရေးရာဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- ဥပဒေရေးရာဝန်ကြီးဌာန
- ပြန်ကြားရေးဝန်ကြီးဌာန
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန
- သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
- စက်မှုဝန်ကြီးဌာန
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
- အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပညာရေးဝန်ကြီးဌာန
မြန်မာ့ပညာရေးသမိုင်း
မြန်မာနိုင်ငံ၏ ပညာရေးသည် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ရပ်ရွာဒေသအလိုက်တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများတွင် တက်ရောက်သင်ယူခွင့် ရရှိခဲ့ကြသည်။ ဗြိတိသျှအစိုးရက ၁၈၆၆ခုနှစ်မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် ပညာရေးဌာနကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးသင်ကြားမှုပုံစံမှ အတန်းသင်ပညာရေး သင်ကြားမှု ပုံစံသို့ စတင်ပြောင်းလဲခဲ့ပါသည်။ ၁၈၈၄ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၂၅ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ၁၈၇၆ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (နောမန်ကျောင်း)ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေးဌာနမှ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၃၁ခုနှစ်တွင် ဆရာဖြစ်သင်ကောလိပ်ကို ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၄၇ခုနှစ်တွင် နိုင်ငံတော် ဆရာအတတ်သင်သိပ္ပံကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းကိုရေးဆွဲပြီး ၁၉၅၂ခုနှစ်မှစ၍ ၄နှစ်စီမံကိန်းများချမှတ် အကောင်အထည်ဖော်ခဲ့သည်။ လူထုပညာရေး စီမံကိန်းအရ အရေး၊ အဖတ်၊ အတွက် အခြေခံတတ်မြောက်ရေးအတွက် "အ" သုံးလုံး သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့ပါသည်။ ၁၉၆၂ခုနှစ် မတိုင်မီ ဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှု ရေးသိပ္ပံ၊ သစ်တော စသည့် မဟာဌာနများကို တက္ကသိုလ်များတွင် ဖွဲ့စည်းပြီး အထူးပြုဘာသာရပ် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ၁၉၆၂ ခုနှစ်မှစ၍ အချို့သော မဟာဌာနများကို သီးခြားတက္ကသိုလ်များအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။
၁၉၇၁ခုနှစ်မှစ၍ ပညာရေး ၄ နှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ အခြေခံပညာကဏ္ဍတွင် ပညာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲဆောင်ရွက်ခဲ့သည်။ ပညာရေးသုတေသန လုပ်ငန်းများ၊ ပညာရေး စစ်တမ်း ကောက်ယူလေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-၁၉၆၅ ခုနှစ်မှစ၍ သက်ကြီးစာတတ်မြောက်ရေး "အ"သုံးလုံး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။
၂၀ဝ၀-၂၀ဝ၁ ဘဏ္ဍာရေးနှစ်မှ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာရေးနှစ်အထိ အမျိုးသားပညာရည် မြင့်မားရေး အထူးလေးနှစ်စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသားပညာရည် မြင့်မားရေး အနှစ်(၃၀) နှစ်ရှည်စီမံကိန်းကို ၂၀ဝ၁-၂၀ဝ၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၃၀၃၁ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ခဲ့ကာ နှစ်တို(၅)နှစ် စီမံကိန်းကာလ(၆)ခု ပိုင်းခြား၍ အကောင်အထည်ဖော်လျက်ရှိပါသည်။
အမျိုးသားပညာရေးရည်မှန်းချက်
- တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်၊
- ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊
- ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများဖြစ်လာစေရန်၊
- ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်၊
- နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ထိရောက်စွာအသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ၏ အရည်အသွေးမြင့်မားလာစေရန်၊
- ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာတတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်၊
- အားကစားကဏ္ဍကို အားပေးမြှင့်တင်ခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊
- နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်းခံစားရရှိစေရန်၊
- မဟာဗျူဟာများ၊ မူဝါဒများနှင့် ယင်းတို့ကို အကောင် အထည်ဖော်ဆောင်ရွက်မှု၊ စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းများကိုလည်းကောင်း၊ ပညာရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ အခြားလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်းကောင်း ပြည်သူလူထုက သိရှိရယူနိုင်ရန်။
မျှော်မှန်းချက်
မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်
အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများ
- နိုင်ငံတော်တွင် အမျိုးသားပညာရေးဥပဒေနှင့် ပညာရေးဆိုင်ရာ အခြားဥပဒေများနှင့်အညီ ပညာရေး လွတ်လပ်ခွင့်ရှိရေး၊
- ပညာရေးဥပဒေများရေးဆွဲရာတွင် ကျွမ်းကျင်ပညာရှင်များနှင့် ပြည်သူလူထု၏ အကြံပြုချက်များကို ရယူရေး၊
- ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေးမြှင့်တင်မှုတို့အတွက် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်စေရေး၊
- ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို သက်ဆိုင်ရာဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုခြင်းနှင့် ပညာရေး လုပ်ငန်းများ၌ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ရေး၊
- ကျောင်းနေအရွယ်လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မသန်စွမ်းသူနိုင်ငံသားများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရရှိသူများကို ပညာရေးအဆင့်တိုင်းတွင် ပညာသင်ယူခွင့် ရရှိစေရန် ပညာရေးအထူးဝန်ဆောင်မှုအစီအစဉ်များ အပါအဝင် လူတိုင်းအကျုံးဝင်ပညာရေး အစီအစဉ် ထားရှိရေး၊
- နိုင်ငံသားတိုင်းပညာသင်ယူခွင့်ရရှိပြီး ဘဝတစ်လျှောက်စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သော ပညာရေး အခွင့်အလမ်းများ ဖန်တီးပေးရေး၊
- နိုင်ငံတကာပညာရေးအဆင့်ရှိစေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြုဆောင်ရွက်ရေး၊
- လူမှုစီးပွားရေးဘဝတွင် လက်တွေ့အသုံးချနိုင်သည့် ပညာရေးဖြစ်စေရေး၊
- တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများသည် ပညာရေးမူဝါဒနှင့်အညီ လွတ်လပ်သော စီမံခန့်ခွဲရေး စနစ်ကို ဦးတည်ဆောင်ရွက်ရေး၊
- တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ် လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်းမဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီ စိစစ် ရွေးချယ်သည့် စနစ်ထားရှိရေး၊
- ကျောင်းများတွင် ဘာသာရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ စွက်ဖက်မှုများမှ ကင်းလွတ်စေရေး၊
- အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်ရေး၊
- ပညာရပ်နယ်ပယ်အားလုံးကို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေးပညာကျွမ်းကျင်သူများကို အဆင့်အလိုက် မွေးထုတ်ရေး၊
- ပညာရေးအဆင့်တိုင်းနှင့် ပညာရပ်နယ်ပယ်အသီးသီးတွင် အမျိုးသားပညာရေးအဆင့်မူဘောင်နှင့်အညီ ပညာရေးအဆင့်အတန်းသတ်မှတ်ပြီး အရည်အသွေးအာမခံမှုရှိသောစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊
- ဗဟိုချုပ်ကိုင်မှုလျော့ချသည့် ပညာရေးစနစ်ကို ကျင့်သုံးရေး။
ဖွဲ့စည်းပုံ
- ပြည်ထောင်စုဝန်ကြီးရုံး
- အဆင့်မြင့်ပညာဦးစီးဌာန
- ဆရာအတတ်ပညာဦးစီးဌာန
- ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန
- အခြေခံပညာဦးစီးဌာန
- မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
- မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန
- ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန
- လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန
- Naypyitaw State Acadamy
Website လိပ်စာ